ဩစ​တြေး​လျတွင် ​ရှေး​ဟောင်း​ရွှေဒင်္ဂါး​ရာနှင့်​ချီ တူး​ဖော်​တွေ့​ရှိ

alt

ဩစ​တြေး​လျနိုင်ငံတွင် ​ရှေး​ဟောင်း​ ​ရွှေဒင်္ဂါး​ ရာနှင့်​ချီ တူး​ဖော်​တွေ့​ရှိခဲ့​ကြောင်း​ သိရသည်။

ဩစ​တြေး​လျ အ​နောက်ဖက်​ဒေသ၏ ​တောင်ပိုင်း​ကမ်း​ခြေရှိ အယ်ဘာနီတွင် ​ဆောက်လုပ်​ရေး​ အလုပ်သမား​များ​က ယင်း​ဒင်္ဂါး​များ​ကို မ​တော်တဆ ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။ စထရီလင်တာရက်တွင် ဒင်္ဂါး​ ၃၀၀ မျှ ​တွေ့​ရှိခဲ့​ရာ ယင်း​တို့​၏ တန်ဖိုး​သည် ဩစ​တြေး​လျ ​ဒေါ်လာ ငါး​သိန်း​မျှ တန်​ကြေး​ရှိမည်ဟုဆိုသည်။ ဒင်္ဂါး​များ​ကို ၁၈၀၀ ပြည့်​လွန်နှစ်များ​က သုံး​စွဲခဲ့​ခြင်း​ဟု ယူဆရ​ကြောင်း​ ပညာရှင်များ​ကဆိုသည်။

အယ်ဘာနီ​ဒေသသည် ၁၈၂၆ ခုနှစ်၊​ ဒီဇင်ဘာလက စတင်အ​ခြေချ ​နေထိုင်လာခဲ့​ခြင်း​ဖြစ်သည်။ ယခု​တွေ့​ရှိသည့်​ ဒင်္ဂါး​မျိုး​ကို ၁၈၁၇ ခုနှစ်ထိ မထုတ်လုပ်ခဲ့​သေး​ချေ။ ဒင်္ဂါး​များ​ကို ကမ္ဘာလှည့်​ ခရီး​သည် အများ​အပြား​ လာ​ရောက်လည်ပတ်​လေ့​ရှိသည့်​ အယ်မစ်တီအမည်ရှိ မြို့​လေး​နှင့်​ ၁ ကီလိုမီတာမျှ အကွာတွင် တူး​ဖော်နိုင်ခဲ့​ခြင်း​ဖြစ်သည်။

ကျွမ်း​ကျင်သူများ​အ​နေနှင့်​ အယ်ဘာနီအနီး​တွင် ​ရွှေဒင်္ဂါး​များ​ ​တွေ့​ရှိခြင်း​မှာ အံ့​ဩစရာဖြစ်ပြီး​ ယခင်က အဆိုပါ ​ဒေသတွင် ထိုကဲ့​သို့​ ဒင်္ဂါး​များ​ ​တွေ့​ရှိခဲ့​ဖူး​သည့်​ ဖြစ်ရပ်မျိုး​ မကြံုခဲ့​ဖူး​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here