အ​မေရိကန်တွင် နှစ်​ပေါင်း​ ၆၀ အတွင်း​ အပြင်း​ထန်ဆုံး​ ​လေဆင်နှာ​မောင်း​​တိုက်ခတ်

alt

ပြီး​ခဲ့​သည့်​ သီတင်း​ပတ်ကုန်က အ​မေရိကန်တွင် တိုက်ခတ်ခဲ့​သော ​လေဆင်နှာ​မောင်း​ကြောင့်​ ​သေဆုံး​သူ အ​ရေအတွက် ၁၁၆ ဦး​ထိ တိုး​လာပြီဖြစ်​ကြောင်း​ သိရသည်။ ​

မေလ ၂၂ ရက်​နေ့​က ​ဂျော်ပလင်နှင့်​ ပတ်ဝန်း​ကျင်တို့​တွင် ဖြတ်​ကျော်တိုက်ခတ်ခဲ့​သော ​လေဆင်နှာ​မောင်း​ကြောင့်​ ​နောက်ထပ်အ​လောင်း​များ​ ​တွေ့​ရှိခဲ့​သည်။ အချို့​အ​လောင်း​များ​သည် ​နေရပ်မှ ၆ မိုင်မျှ အကွာ်တွင် ​ရောက်ရှိ​နေခဲ့​ခြင်း​ဖြစ်သည်။ ယခု​လေဆင်နှာ​မောင်း​သည် နှစ်​ပေါင်း​ ၆၀ နီး​ပါး​အတွင်း​ အပြင်း​ထန်ဆုံး​နှင့်​ အ​သေအ​ပျောက် အများ​ဆုံး​ ဖြစ်လာခဲ့​သည်။ ထို့​အပြင် တစ်လမပြည့်​မီ အချိန်အတွင်း​ ဒုတိယ​မြောက် ဆိုး​ဆိုး​ရွား​ရွား​ ​လေဆင်နှာ​မောင်း​ တိုက်ခတ်မှုတစ်ခု ဖြစ်လာသည်။

ကယ်ဆယ်​ရေး​များ​က အ​လောင်း​များ​မှာ ပြန့်​ကြဲ​နေပြီး​ ​နောက်ထပ်​သေသူအ​ရေအတွက် တိုး​လာနိုင်​သေး​ကြောင်း​ ​ပြောဆိုခဲ့​သည်။ ထို့​အပြင် လူ​ပေါင်း​ ၁၁၅၀ ​ကျော် ဒဏ်ရာများ​ ရရှိခဲ့​သည်ဟုလည်း​ သတင်း​များ​ကဆိုသည်။ မြို့​တော်ဝင် မိုက်ဝူစတွန်က လက်တ​လောတွင် ​ဂျော်ပလင်နှင့်​ ခပ်​ဝေး​ဝေး​နေရန် တိုက်တွန်း​ခဲ့​သည်။ ​လေဆင်နှာ​မောင်း​ ​နောက်ဆက်တွဲအဖြစ် ယိုယွင်း​နေ​သော အ​ဆောက်အအုံများ​ ပြိုကျလာနိုင်သဖြင့်​ ​ရှောင်ရှား​နေရန် မြို့​တော်ဝန်က ​ပြောကြား​ခဲ့​သည်။

ယခုအခါ ​ဂျော်ပလင်တွင် စစ်သား​ ၄၅၀ ​ကျော်ကို တပ်ဖြန့်​ထား​ခဲ့​သည်။ အ​မေရိကန် သမ္မတ ဘာရတ်အိုဘား​မား​က ​လေ​ဘေး​သင့်​ ပြည်သူများ​ကို တတ်အား​သ၍ ​ထောက်ပံ့​မည်ဖြစ်​ကြောင်း​ ကတိပြုထား​သည်။ ကယ်ဆယ်​ရေး​များ​က အချို့​သော အ​လောင်း​များ​သည် ဆိုး​ဆိုး​ရွား​ရွား​ ပိတ်ဆို့​ကြပ်ညပ်​နေပြီး​ အ​လောင်း​တစ်​လောင်း​ကို ဆွဲထုတ်ရန် အချိန် ၄ နာရီမှ ၅ နာရီမျှထိ ကြာမြင့်​တတ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here