မီယာမီတွင် အပန်း​ဖြေစဉ် ရင်သား​ဖော်ပြမိပြန်တဲ့​ လင်​ဆေး​လိုဟန်

alt

လင်း​ဆေး​လိုဟန်တစ်​ယောက် အ​နေအထိုင်မတတ်သဖြင့်​ သူမ၏ ရင်သား​ကို ​ဖော်ပြမိပြန်ပြီဖြစ်သည်။

မီယာမီတွင် ​မေလ ၂၄ ရက်​နေ့​က သွား​ရောက်အပမ်း​ဖြေ​နေ​သော Mean Girlsစတား​ အဆို​တော် မင်း​သမီး​လေး​သည် သူမ၏ ရင်သား​တစ်ဖက်ကို ​ပေါ်​ပေါ်လွင်လွင် ​ဖော်ပြမိသည်ကို သတင်း​ထောက်များ​က မှတ်တမ်း​တင်ခဲ့​သည်။ အသက် ၂၄ နှစ်ရှိ လိုဟန်၏ ဘီကနီသည် အ​ပေါ်ပိုင်း​ ပြုတ်ကျပြီး​ ယခုလို ပွင့်​ပွင့်​လင်း​လင်း​ မြင်ကွင်း​များ​ ဖြစ်ခဲ့​ခြင်း​ဖြစ်သည်။ ထို့​နောက် မျက်နှာနီမြန်း​သွား​သော လိုဟန်သည် သူမ၏ လက်​မောင်း​ဖြင့်​ အရှက်လုံ​ အောင် ဖုံး​ကွယ်ရန် ကြိုး​ပမ်း​ခဲ့​သေး​သည်။

သို့​သော်လည်း​ ​နောက်ကျသွား​ချေသည်။ သိန်း​ငှက်မျက်လုံး​ကဲ့​သို့​ အမြင်စူး​ရှလှ​သော သတင်း​မုဆိုး​များ​သည် ထိုမြင်ကွင်း​ကို အမိအရ မှတ်တမ်း​တင်နိုင်ခဲ့​သည်။ လိုဟန်အတွက် ယခုလို ကိစ္စမျိုး​ ကြံုရခြင်း​သည် ယခုတစ်ကြိမ် ပထမဆုံး​ မဟုတ်​ချေ။

မကြာ​သေး​မီက ဖက်ရှင်ဓာတ်ပုံ အရိုက်ခံသည့်​ ရိုက်ကွင်း​တစ်ခုတွင် ခပ်တိုတို ဝတ်စုံ၏ လှစ်ဟ​ဖော်ပြမှု​ကြောင့်​ သူမ၏ ရင်သား​ကို ကွက်ကွက်ကွင်း​ကွင်း​ မြင်​နေရ​သော ဓာတ်ပုံများ​ ထွက်​ပေါ်ခဲ့​သေး​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here