​ရေကူး​ဝတ်စုံဖြင့်​ မင်္ဂလာ​ဆောင်သည့်​ တရုတ်သတို့​သမီး​

alt

အမျိုး​သမီး​ အများ​စုသည် သူမတို့​၏ လက်ထပ်ပွဲတွင် ဆင်မြန်း​သော မင်္ဂလာဝတ်စုံကို ဖြူလွလွနှင့်​ ပန်း​ပွင့်​ပန်း​ခက်များ​ လှပဆန်း​ကြယ်စွာ စီခြယ်ထား​သော အိပ်မက်ဆန်ဆန် ဝတ်စုံမျိုး​ ဖြစ်​စေလိုကြသည်။

သို့​သော်လည်း​ တရုတ်နိုင်ငံ၊​ ရှန်ဟိုင်း​မှ မိန်း​က​လေး​တစ်ဦး​ကမူ ထူး​ထူး​ခြား​ခြား​ ​တော်လှန်​သော အမြင်ဖြင့်​ အဆိုပါ အယူအဆကို ​ပြောင်း​ပြန်လှန်လိုက်သည်။ အသက် ၂၅ နှစ်ရှိ ဇူကွင်း​သည် သူမ၏ မင်္ဂလာပွဲ အမှတ်တရ ဓာတ်ပုံအတွက် သတို့​သမီး​ ​ခေါင်း​ဆောင်း​ကို ဝတ်ဆင်ခဲ့​သော်လည်း​ ဘီကီနီ ​ရေကူး​ဝတ်စုံကို မင်္ဂလာဝတ်စုံအဖြစ် ​ရွေး​ချယ်ခဲ့​သည်။

သူမ၏ လုပ်ရပ်သည် အင်တာနက် ဘ​ဘော့​များ​နှင့်​ ဖိုရမ်များ​တွင် ​ရေပန်း​စား​ခဲ့​ပြီး​ ချီး​ကျူး​သူ​ရော၊​ ​ဝေဖန်သူများ​ပါ ရှိခဲ့​သည်။ Stompအမည်ရှိ ပြည်သူ့​သတင်း​ဝက်ဆိုက် တစ်ခုက ဇူ၏ လုပ်ရပ်သည် တရုတ်နိုင်ငံ၏ လူ့​အဖွဲ့​အစည်း​ ထုံး​တမ်း​စဉ်လာများ​ကို ကဖျက်ယဖျက်လုပ်​ကြောင်း​ ​ပြောဆိုခဲ့​သည်။

သို့​သော်လည်း​ ပိုမိုငယ်ရွယ်​သော အသက်အရွယ်များ​ကမူ သူမ၏ အဆန်း​ထွင်မှုကို ကြိုဆိုခဲ့​ကြသည်။ အချို့​သော စုံတွဲများ​ကလည်း​ ၎င်းတို့​ မင်္ဂလာ​ဆောင်ချိန်တွင် ဝတ်စုံကို သမား​ရိုး​ကျမှ ခွဲထွက်ရန် စိတ်ကူး​ကောင်း​တစ်ခု ဖြစ်​စေသည်ဟု ချီး​ကျူး​နေ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here