ဂဒါဖီ၏ သား​နှင့်​မြေး​များ​​သေဆုံး​ခဲ့​မှုအား​ အီတလီဝန်ကြီး​ချုပ် သံသယဖြစ်

alt

အီတလီဝန်ကြီး​ချုပ် ဘာလူစကိုနီက NATO​လေတပ်၏ ဗုံး​ကြဲမှုများ​အတွင်း​ လစ်ဗျား​ခေါင်း​ဆောင် မူအမ်မာ ဂဒါဖီ၏ သား​နှင့်​မြေး​များ​ ​သေဆုံး​မှုကို သံသယဖြစ်မိ​ကြောင်း​ ​ပြောကြား​ သွား​သည်။

ဧပြီလ ၃၀ ရက်​နေ့​က NATOတိုက်ခိုက်မှု တစ်ခုအတွင်း​ ဂဒါဖီ၏ သား​နှင့်​ ​မြေး​ ၃ ဦး​ ​သေဆုံး​သွား​ကြောင်း​ လစ်ဗျား​အစိုး​ရက ​ကြေညာခဲ့​သော်လည်း​ ဘာလူစကိုနီက ယင်း​ ကိစ္စသည် လိမ်ညာထား​သည့်​ အကွက်ဆင် ဝါဒဖြန့်​မှု ဖြစ်နိုင်​ကြောင်း​ သုံး​သပ်​ပြောဆိုခဲ့​သည်။

ယခုကိစ္စသည် လုပ်ကြံမှုသက်သက်သာ ဖြစ်နိုင်ပြီး​ ဂဒါဖီသည် လစ်ဗျား​တွင် ဆက်ရှိ​ နေသည်ဆိုခြင်း​ကို မိမိယုံကြည်ရန် ခက်ခဲ​နေ​ကြောင်း​၊​ ဂဒါဖီ​ရော မိသား​စုများ​ပါ အခြား​နိုင်ငံ တစ်ခုခုသို့​ သွား​ရောက်ပုန်း​အောင်း​နေသည်ဟု ယူဆ​ကြောင်း​ အီတလီ ဝန်ကြီး​ချုပ်က ​ ပြောကြား​ခဲ့​သည်။

လစ်ဗျား​အစိုး​ရ ​ပြော​ရေး​ဆိုခွင့်​ရပုဂ္ဂိုလ် မူဆာအီဘရာဟင်က NATOတို့​၏ လက်ချက်​ကြောင့်​ အသက် ၂၉ နှစ်အရွယ် ဆိုင်အယ်အာရပ် ဂဒါဖီနှင့်​ ၁၂ နှစ်​အောက်သာ ရှိ​သေး​သည့်​ က​လေး​များ​ ​သေဆုံး​ကြောင်း​ ​ပြောဆိုခဲ့​သည်။

အီတလီနိုင်ငံသည် ယခင်က လစ်ဗျား​ကို သိမ်း​ပိုက်အုပ်ချုပ်ခဲ့​ဖူး​ပြီး​ ယခုအခါ NATOတပ်ဖွဲ့​ ​လေ​ကြောင်း​စစ်ဆင်​ရေး​တွင် ပါဝင်ခဲ့​ပြီး​ လစ်ဗျား​သို့​ ဗုံး​ကြဲနိုင်​ရေး​အတွက် နိုင်ငံ၏ ​လေဆိပ်များ​ကို အသုံး​ပြုခွင့်​ပေး​ခဲ့​သည်။ ယခင်က ဘာလူစကိုနီသည် ဂဒါဖီကို မိတ်​ဆွေတစ်ဦး​ကဲ့​သို့​ ကာလအတန်ကြာ ဆက်ဆံ​ နေခဲ့​ဖူး​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here