အိပ်​ရေး​မဝသူများ​ ကိုယ်အ​လေး​ချိန်​တိုး​နိုင်

alt

အိပ်​ရေး​ဝဝ အိပ်စက်မှု မရှိခြင်း​သည် ကိုယ်အ​လေး​ချိန် တိုး​စေနိုင်​ကြောင်း​ ဆွီဒင်မှ သု​တေသီများ​က ​ဖော်ထုတ်​တွေ့​ရှိခဲ့​သည်။

အက်ဆာလား​ တက္ကသိုလ်မှ ​ဒေါက်တာ ခရစ်စတီယန် ဘင်နဒစ် ဦး​ဆောင်​သော ပညာရှင်များ​က ​နေ့​စဉ်ပုံမှန် အိပ်​ရေး​ဝဝ မအိပ်ခြင်း​နှင့်​ အိပ်ချိန်မမှန်ခြင်း​တို့​သည် ခန္ဓာကိုယ် ဇီဝဖြစ်စဉ်များ​အတွက် စွမ်း​အင်သုံး​စွဲမှုကို ​လျော့​ကျ​စေသလို ဆာ​လောင်မှုကို ဖြစ်​ပေါ်​စေ​ကြောင်း​ ​တွေ့​ရှိခဲ့​ကြသည်။

ခန္ဓာကိုယ်အတွင်း​ စွမ်း​အင်သုံး​စွဲမှု ကျဆင်း​သွား​ခြင်း​ကြောင့်​ ကယ်လိုရီ ​လောင်ကျွမ်း​မှု နည်း​ပါး​သွား​ရာ ကိုယ်အ​လေး​ချိန် တိုး​ပွား​လာ​စေခြင်း​ဖြစ်သည်။ ယခု ​တွေ့​ရှိမှုကို အ​မေရိကန် ​ဆေး​ဖက်ဆိုင်ရာ အာဟာရ ​ဆေး​ပညာဂျာနယ်တွင် ​ဖော်ပြခဲ့​သည်။ အ​မေရိကန်တွင် လူဦး​ရေ သန်း​ ၅၀ နှင့်​ ရ၀ ကြား​သည် အိပ်​ရေး​မဝခြင်း​၊​ ပုံမှန်အိပ်ချိန် မသတ်မှတ်ထား​ခြင်း​ စသည်တို့​ ကြံု​နေ​ကြောင်း​ သိရသည်။

ယခင်က သု​တေသန ရလဒ်များ​က အိပ်​ရေး​မဝခြင်း​သည် ဆာ​လောင်မွတ်သိပ်မှုကို ပိုမိုဖြစ်​ပေါ်​စေ​ကြောင်း​ ​ဖော်ထုတ်​တွေ့​ရှိပြီး​ဖြစ်သည်။ ​လေ့​လာမှုများ​က အိပ်​ရေး​ဝဝ အိပ်စက်ထား​ခြင်း​ မရှိသူများ​သည် ​နောက်တစ်​နေ့​မနက် နိုး​ထချိန်တွင် အသက်ရှူခြင်း​၊​ အစာ​ချေခြင်း​စသည့်​ ဇီဝလုပ်ငန်း​စဉ်များ​အတွက် စွမ်း​အင်သုံး​စွဲမှုမှာ အိပ်​ရေး​ဝသူများ​ထက် ၅ ရာခိုင်နှုန်း​မှ ၂၀ ရာခိုင်နှုန်း​ထိ ကျဆင်း​နေတတ်​ကြောင်း​ ​ဖော်ပြခဲ့​သည်။

သု​တေသီများ​က အိပ်​ရေး​မဝခြင်း​သည် ​သွေး​အတွင်း​ သကြား​ဓာတ် ပိုမိုများ​ပြား​အောင် လှံု့​ဆော်တတ်ပြီး​ ဟိုမုန်း​မညီမျှမှုများ​ကိုပါ ဖြစ်​ပေါ်​စေတတ်​သော​ကြောင့်​ ကိုယ်အ​လေး​ချိန် တိုး​မှုများ​ ဖြစ်လာ​စေတတ်​ကြောင်း​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here