Batman ဝတ်စုံဖြင့် ဆိုင်အမိုးပေါ်တက်နေသူ​တစ်ဦးအား အမေရိကန်ရဲ ဖမ်းဆီး

alt

နာမည်ကျော် သိပ္ပံသူရဲကောင်း Batman၏ ဝတ်စုံကို ဆင်မြန်းထားသူ တစ်ဦးအား အမေရိကန်တွင် ရဲများက ဖမ်းဆီးလိုက်သည်။

မစ်ချီဂန်ရှိ Hardware အရောင်းဆိုင် တစ်ခု၏ ခေါင်မိုးပေါ်မှ တွဲလောင်းဆွဲခိုနေသော အဆိုပါ ပုဂ္ဂိုလ်ကို ရဲများက ထိန်းသိမ်းလိုက်သည်။ ၃၁ နှစ်အရွယ်ရှိ ဟာဘော်စပရင်းသည် ထူးဆန်းသော လက်နက်များ ကိုင်ဆောင်ထားသေးသဖြင့် လက်နက်ကိုင်ဆောင်မှု၊ အန္တရာယ် ဖြစ်စေနိုင်မှုများဖြင့် ရဲများက ဖမ်းဆီးခဲ့သည်။

Hardwareဆိုင် ၀င်ထမ်းများက Batmanဝတ်စုံဝတ် အမျိုးသားတစ်ဦး ဆိုင်အမိုးပေါ် တက်နေကြောင်း ဖုန်းဆက်ခဲ့ပြီးနောက် မစ်ချီဂန် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရဲများက မျက်နှာဖုံးစွပ်ထားသော ယင်းပုဂ္ဂိုလ်ကို ဖမ်းဆီးလာပြီးနောက် တုတ်တိုတစ်ချောင်း၊ ဓာတုပစ္စည်းများ ထည့်ထားသည့် စပရေးဘူးတစ်ဘူးနှင့် ခဲသတ္တု အနားကွပ်ထားသည့် လက်အိတ်တစ်စုံတို့ကို သိမ်းယူရမိခဲ့သည်။

၎င်းအား အီမတ်ခရိုင် အကျဥ်းစခန်းသို့ ခေါ်ဆောင်သွားကြောင်း ရဲများကဆိုသည်။ သို့သော်လည်း Batmanဝတ်စုံ တကားကားဖြင့် သူတစ်ပါး အဆောက်အအုံပေါ် ကျူးကျူးကျော်ကျော် တက်ရောက်ခဲ့သည့် ဟာဘော်၏ ရည်ရွယ်ချက်ကိုမူ တိတိကျကျ မသိရချေ။ ၎င်းကမူ ထိုသို့လုပ်ရသည်ကို နှစ်သက်ပျော်ရွှင်မိကြောင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here