​လော့​ချ်နက်အရပ်တွင် ​ကြောင်ရိုင်း​တစ်​ကောင် ​သောင်း​ကျန်း​နေ

alt

ကမ္ဘာ​ကျော် ​လော့​ချ်နက် ​ရေသတ္တဝါကြီး​ ဖြစ်ရပ်​ကြောင့်​ လူသိများ​သည့်​ ​လော့​ချ်နက် အရပ်တွင် ဆိုး​ရွား​သော ​ကြောင်ရိုင်း​တစ်​ကောင် ​သောင်း​ကျန်း​လျက်ရှိ​ကြောင်း​ သိရသည်။

ယခုအခါ ​လော့​ချ်နက် ​ဒေသခံများ​က ယင်း​ကြောင်ကြီး​ကို ဒုတိယ​မြောက် ​လော့​ချ်နက်သတ္တဝါကြီး​အဖြစ် ခိုင်း​နှိုင်း​ခေါ်ဆိုလျက်ရှိကြသည်။ အဆိုပါ ​ကြောင်ကြီး​သည် ​မွေး​မြူထား​သော တိရစ္ဆာန်များ​နှင့်​ အိမ်​မွေး​တိရစ္ဆာန်ငယ် အချို့​ကို သတ်ဖြတ်ခဲ့​ကြောင်း​ The Sun သတင်း​စာက ​ဖော်ပြခဲ့​သည်။ ​လော့​ချ်နက်တွင် ​နေထိုင်သူများ​သည် အဆိုပါ ​ကြောင်ကြီး​က က​လေး​ငယ်များ​ကို တိုက်ခိုက်သတ်ဖြတ်လာသည်အထိ အတင့်​ရဲလာမည်ကို စိုး​ရိမ်​နေသည်။

၎င်းသည် ​ခွေး​တစ်​ကောင်၊​ သိုး​တစ်​ကောင်ကိုပင် တိုက်ခိုက်နိုင်စွမ်း​ရှိမည်ဟု ယုံကြည်​နေကြသည်။ က​လေး​မိခင် တစ်ဦး​က သူမသည် ​မွေး​မြူထား​သော သိုး​ပေါက်​လေး​တစ်​ကောင် ​သေဆုံး​နေသည်ကို ​တွေ့​ရှိခဲ့​ကြောင်း​၊​ လှစ်ကနည်း​ ​ပြေး​သွား​သည့်​ အရိပ်တစ်ခုကိုလည်း​ မြင်ခဲ့​သည့်​အခါ မိမိ​မွေး​ထား​သည့်​ ​ခွေး​တစ်​ကောင်ဟု ထင်ခဲ့​ကြောင်း​၊​ သို့​သော်လည်း​ ​ခွေး​နှစ်​ကောင်လုံး​ကို အိမ်ထဲတွင် ​သော့​ခတ်ထား​သည်ကို သတိရမိပြီး​နောက် အလွန်တုန်လှုပ်မိ​ကြောင်း​ ဖွင့်​ဟခဲ့​သည်။

သူမက ဆိုး​ဆိုး​ရွား​ရွား​ ကိုက်ဖျက်ခံထား​ရသည့်​ သိုး​ငယ်၏ အ​လောင်း​ဓာတ်ပုံကို အင်တာနက်တွင် ပြသခဲ့​သည်။ အသက် ၃၈ နှစ်ရှိပြီး​ တုန်လှုပ်​နေသည့်​ ကက်ထရီနာက တိရစ္ဆာန်​ဆေး​ကု ဆရာဝန်၏ အဆိုအရ သိုး​ငယ်ရရှိ​သော ဒဏ်ရာများ​မှာ ကိုက်ခဲပြီး​ အတင်း​ဆွဲ​ခေါ်ခြင်း​ ခံထား​ရခြင်း​ဟု ​ပြောကြား​ခဲ့​သည်။ သူမသည် နှင်း​ပေါ်တွင် ထင်ကျန်ခဲ့​သော ​ကြောင်​ခြေရာကြီး​များ​ကိုလည်း​ ဓာတ်ပုံရိုက်ကူး​ခဲ့​သေး​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here