အိုက်စလန်တွင် ​ပေါက်ကွဲ​နေသည့်​ မီး​တောင်​ကြောင့်​ ​လေ​ကြောင်း​​သွား​လာ​ရေး​​ထိခိုက်မည်ကို ဗြိတိန်စိုး​ရိမ်

alt

အိုက်စလန်တွင် ​ပေါက်ကွဲ​နေ​သော မီး​တောင်​ကြောင့်​ ဗြိတိန်​လေ​ကြောင်း​ သွား​လာ​ရေး​ ထိခိုက်လာမည်ကို ဗြိတိန်အစိုး​ရ စိုး​ရိမ်​နေသည်။ ​

မေလ ၂၄ ရက်​နေ့​ နံနက်အ​စောပိုင်း​ အချိန်တွင် ဂရင်း​စဗွန်မီး​တောင်မှ ​ချော်ပြာများ​သည် ​လေနှင့်​အတူ ​မြောလွင့်​လာပြီး​ ဗြိတိန်သို့​ ​ရောက်လာနိုင်​ကြောင်း​ ဗြိတိန်အာဏာပိုင်များ​က ​ပြောကြား​ထား​သည်။ ပြီး​ခဲ့​သည့်​ သီတင်း​ပတ်ကုန်က စတင်​ပေါက်ကွဲ​သော မီး​တောင်​ကြောင့်​ အိုက်စလန်တွင် ​လေဆိပ်များ​ကို ကြိုတင်ပိတ်ထား​ပြီး​ဖြစ်သည်။ ​

လေစီး​ကြောင်း​ကြောင့်​ မီး​တောင်​ချော်ပြာထုသည် စ​ကော့​တလန်နှင့်​ ​မြောက်အိုင်ယာလန်တို့​သို့​ ဦး​တည်လာနိုင်​ကြောင်း​ ဗြိတိန် ရာသီဥတု ​စောင့်​ကြည့်​ရေး​ ဌာနကများ​က သတိ​ပေး​ထား​သည်။ ဂရင်း​စဗွန် မီး​တောင်​ပေါက်ကွဲမှုသည် ယမန်နှစ်က အိုက်စလန်တွင် ဖြစ်ပွား​ခဲ့​သည့်​ အူဂျာဖီဂျာလာဂျိုကူ မီး​တောင်​ပေါက်ကွဲမှု​လောက် ​လေ​ကြောင်း​သွား​လာမှုကို အဟန့်​အတား​ ဖြစ်​စေမည် မဟုတ်​ကြောင်း​ ကျွမ်း​ကျင်သူများ​က သုံး​သပ်ထား​သည်။

ယခုအခါ အိုက်စလန်​တောင်ပိုင်း​ရှိ ဥ​ရောပတိုက် နိုင်ငံများ​တွင်လည်း​ မီး​တောင်​ချော်ပြာများ​ ပျံ့​နှံ့​လာနိုင်သည့်​ အ​ခြေအ​နေကို အ​လေး​ထား​ ​စောင့်​ကြည့်​နေရဆဲဖြစ်သည်။ ဂရင်း​စဗွန် မီး​တောင်မှ မှုတ်ထုတ်​သော မီး​ခိုး​နှင့်​ ​ချော်ပြာများ​သည် ၁၂ မိုင် အမြင့်​ထိ ​ရောက်ရှိခဲ့​သော​ကြောင့်​ အိုက်စလန်တွင် ​လေယာဉ်ပျံသန်း​မှုများ​ကို တား​ဆီး​ထား​သည်။

ယမန်နှစ်က အိုက်စလန် မီး​တောင်​ပေါက်ကွဲမှုသည် ကမ္ဘာ့​သမိုင်း​တွင် ဒုတိယ ကမ္ဘာစစ်​နောက်ပိုင်း​ အဆိုး​ရွား​ဆုံး​ ​လေ​ကြောင်း​ပိတ်ဆို့​မှုများ​ ​ပေါ်​ပေါက်​စေခဲ့​ပြီး​ လူ​ပေါင်း​ ၁၀ သန်း​ကျော်မှာ ​လေဆိပ်အသီး​သီး​တွင် ​သောင်တင်ကြန့်​ကြာမှုများ​ ကြံုခဲ့​ရ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here