တရုတ်နိုင်ငံမှ အမျိုး​သမီး​တစ်ဦး​ မိမိဖာသာ ကိုယ်တိုင်ခွဲစိတ်မှုပြု

alt

တရုတ်နိုင်ငံရှိ အမျိုး​သမီး​ကြီး​ တစ်ဦး​သည် မိမိဖာသာ ခွဲစိတ်မှုတစ်ခု ကိုယ်တိုင်ပြုလုပ်ခဲ့​ကြောင်း​ သိရသည်။

ချံုကင်း​တွင် ​နေထိုင်သည့်​ အသက် ၅၃ နှစ်အရွယ် ဝူယွန်ဘီသည် ဝမ်း​ ဗိုက်တွင် အရည်များ​ စုရုံး​ဖော​ရောင်သည့်​ ​ရောဂါတစ်မျိုး​ ရရှိခဲ့​သော်လည်း​ ​ဆေး​ရုံစရိတ်၊​ ​ဆေး​ဝါး​စရိတ် မတတ်နိုင်ခဲ့​ချေ။ ထို့​နောက်တွင်​တော့​ မိမိ​ဝေဒနာကို ကိုယ်တိုင်သာ ​ ပျောက်ကင်း​အောင် ကုသမည်ဟု ဆုံး​ဖြတ်ကာ မီး​ဖို​ချောင်သုံး​ ဓား​တစ်လက်ဖြင့်​ ခွဲစိတ်မှု ပြုလုပ်ခဲ့​ခြင်း​ဖြစ်သည်။

လွန်ခဲ့​သော ၁၂ နှစ်က တစ်ကြိမ်ခွဲစိတ်မှု ပြုလုပ်ကာ ​ရေ ၂၅ ကီလိုဂရမ်ကို စုပ်ထုတ်ဖယ်ရှား​ဖူး​သော ဝူ၏ မိသား​စုသည် ယွမ်​ငွေ ငါး​သောင်း​မျှ ကျသင့်​သည့်​ ခွဲစိတ်မှုမျိုး​ ​နောက်တစ်ကြိမ် မပြုလုပ်နိုင်​ချေ။ မိသား​စု၏ ဆင်း​ရဲနွမ်း​ပါး​မှုကို သိ​နေသည့်​ ဝူသည် မိမိဗိုက်ကို မိမိဖာသာ ခွဲပစ်လိုက်ခြင်း​ဖြစ်သည်။ အနည်း​ဆုံး​ ခွဲစိတ်မှုအတွင်း​ မိမိ​သေသွား​လျင် မိသား​စုကို ဒုက္ခဆက်​ပေး​ရာ မ​ရောက်​တော့​ဟု ဝူက ဝမ်း​ပမ်း​တနည်း​ ​ ပြောကြား​ခဲ့​သည်။

သူမ၏ အရဲစွန့်​ လုပ်ရပ်ကို သိရှိလာပြီး​နောက် ချံုကင်း​ဆေး​ရုံက သူမအား​ ယခုအခါ အခမဲ့​ ကုသ​ပေး​နေပြီဖြစ်သည်။ သို့​သော် ​ဆေး​ဖက်ဆိုင်ရာ အာမခံ ဝန်​ ဆောင်မှုကို ​ရေရှည်အတွက် ဝယ်ယူရန်မူ ဝူက ငြင်း​ဆန်ခဲ့​သည်။

တရုတ်နိုင်ငံတွင် အလွန်ဆင်း​ရဲနွမ်း​ပါး​သော ​အောက်​ခြေလူတန်း​စား​များ​အတွက် ကျန်း​မာ​ရေး​ ​စောင့်​ရှောက်မှု ထိ​ ရောက်စွာ မရနိုင်သလို ​ငွေ​ကြေး​ချို့​ငဲ့​မှု​ကြောင့်​ မဖြစ်သင့်​သော ​သေဆုံး​မှုများ​စွာ ရှိ​နေ​ကြောင်း​လည်း​ ပီကင်း​တက္ကသိုလ် ပြည်သူ့​ကျန်း​မာ​ရေး​ ပညာ​ရေး​ဌာနမှာ ပ​ရော်ဖက်ဆာ ဝူမင်း​က ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here