ဗြိတိန်​တော်ဝင်​ဇနီး​မောင်နှံထံ​​ပေး​ပို့​သည့်​ လက်​ဆောင်များ​မှ ထူး​ခြား​သည့်​ လိင်ဆွဲ​ဆောင်မှုရှိ​သောအသီး​

alt

ဝီလျံနှင့်​ ကိတ်မစ်ဒယ်တန်တို့​ ဗြိတိသျှ ​တော်ဝင်ဇနီး​မောင်နှံထံ ​ပေး​ပို့​သော မင်္ဂလာ လက်​ဆောင်များ​အနက် ထူး​ထူး​ခြား​ခြား​ လိင်ဆွဲ​ဆောင်မှု ရှိလှသည့်​ အသီး​တစ်လုံး​ ပါလာ​ကြောင်း​ သိရသည်။

ကာမ အား​တိုး​စေသည်ဟု ယုံကြည်ကြသည့်​ ဆီချိုင်လိမျိုး​ရင်း​ အခွံမာ ကိုကိုး​အုန်း​ တစ်မျိုး​သည် လုံး​ကြီး​ပေါက်လှ အမျိုး​သမီး​ တစ်ဦး​၏ ​နောက်ပိုင်း​အလှနှင့်​ တစ်ပုံစံထဲ ဖြစ်​ နေသည်ကို မြင်ရသည်။ ဆီချိုင်လိတွင် ၁၀ ရက်ကြာ ပျား​ရည်ဆမ်း​ခရီး​ ထွက်ခဲ့​သော ဇနီး​မောင်နှံကို ၎င်းတို့​အပြန်တွင် တာဝန်ရှိသူများ​က အခမ်း​အနား​နှင့်​ ​ပေး​အပ်​သော လက်​ ဆောင်များ​အတွင်း​ ယင်း​အခွံမာသီး​ ပါလာခြင်း​ဖြစ်သည်။

အချစ်သီး​ဟု အမည်​ပြောင် ​ပေး​ထား​သော အဆိုပါ သစ်သီး​သည် ပရက်ဆလင်ကျွန်း​တွင်သာ ​ပေါက်​ရောက်ပြီး​ သား​သမီး​ ​ မွေး​ဖွား​ရန် အထိမ်း​အမှတ် သ​င်္ကေတ တစ်ခုဟု မှတ်ယူကြသည်။ ယင်း​အသီး​ကို ဆီချိုင်လိ နိုင်ငံခြား​ရေး​ဝန်ကြီး​ ဂျင်း​ပေါအဒမ်က ဝီလျံတို့​အား​ ဂုဏ်ယူစွာ ​ပေး​အပ်ခဲ့​ခြင်း​ဖြစ်သည်။ ကင်း​ဘရစ်မြို့​စား​ ဇနီး​မောင်နှံသည် အဆိုပါ ကျွန်း​နိုင်ငံ​လေး​တွင် ​နေထိုင်ခဲ့​ရခြင်း​ကို အလွန်​ပျော်ရွှင်​ကြောင်း​ ​ပြောဆိုခဲ့​ကြသည်။

ထို​နေရာသည် အလွန်လှပပြီး​ အံ့​ဩဖွယ်​ကောင်း​ ကြောင်း​၊​ တစ်ဘဝလုံး​ အမှတ်ရ​နေ​စေမည့်​ အ​တွေ့​အကြံုမျိုး​ကို ​ပေး​စွမ်း​နိုင်​ကြောင်း​ ဝီလျံက ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here