​မြောက်ကိုရီး​ယား​​ခေါင်း​ဆောင်ကင်ဂျံုအီ တရုတ်နိုင်ငံသို့​ ​ရောက်ရှိ

alt

​မြောက်ကိုရီး​ယား​ အာဏာရှင် ​ခေါင်း​ဆောင်ကြီး​ ကင်ဂျံုအီမှာ တရုတ်နိုင်ငံ၊​ ​ဘေဂျင်း​မြို့​တော်သို့​ ​မေလ ၂၅ ရက်​နေ့​က ဆိုက်​ရောက်လာ​ကြောင်း​ ​တောင်ကိုရီး​ယား​ ယွန်ဟပ်သတင်း​ ​ အေဂျင်စီက ​ဖော်ပြလိုက်သည်။

၎င်းသည် တရုတ်သမ္မတ ဟူကျင်​တောင်း​နှင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ဖွယ် ရှိ​နေသည်ဟုဆိုသည်။ ယခု​တွေ့​ဆုံမှုတွင် ​မြောက်ကိုရီး​ယား​၏ နျူကလီး​ယား​ စီမံကိန်း​အပြင် ​ခေါင်း​ဆောင်ကြီး​ကင်၏ သား​ဖြစ်သူအား​ အာဏာလွှဲ​ပေး​ချိန်တွင် တရုတ်၏ အ​ထောက်အပံ့​ ဆက်လက်ရရှိ​ရေး​ ကိစ္စကိုပါ ထည့်​သွင်း​ပြောဆိုဖွယ် ရှိ​နေ​ကြောင်း​ ယွန်ဟပ်က သုံး​သပ်ခဲ့​သည်။

တရုတ်သည် ​မြောက်ကိုရီး​ယား​၏ အရင်း​နှီး​ဆုံး​ မဟာမိတ် ဖြစ်​သော်လည်း​ ​မြောက်ကိုရီး​ယား​နှင့်​ သ​ဘောထား​ ကွဲလွဲ​နေ​သော ​တောင်ကိုရီး​ယား​ကိုပါ သတိထား​ ဆက်ဆံလျက်ရှိသည်။ တရုတ်ဝန်ကြီး​ချုပ် ဝမ်ကျား​ပေါင်သည် ပြီး​ခဲ့​သည့်​ သီတင်း​ပတ်က ဂျပန်နိုင်ငံ တိုကျိုမြို့​တွင် ဂျပန်နှင့်​ တရုတ်​ခေါင်း​ဆောင်များ​နှင့်​ သုံး​နိုင်ငံ အစည်း​အ​ ဝေး​အဖြစ် ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​သေး​သည်။ တရုတ်သည် ​မြောက်ကိုရီး​ယား​ ​ခေါင်း​ဆောင်များ​ လာ​ရောက်မှုနှင့်​ ပတ်သက်၍ ပွင့်​ပွင့်​လင်း​လင်း​ ​ကြေညာမှုမျိုး​ ပြုလုပ်​လေ့​မရှိ​ပေ။

ပြီး​ခဲ့​သည့်​ သီတင်း​ပတ်ကလည်း​ ​ခေါင်း​ဆောင်ကြီး​ကင်၏ ​နေရာကို ဆက်ခံမည့်​ အငယ်ဆုံး​သား​ ကင်ဂျွန်အန်း​ တရုတ်နိုင်ငံသို့​ ​ရောက်ရှိခဲ့​ခြင်း​ကိုလည်း​ တရုတ်က တစုံတရာ ​ကြေညာချက် ထုတ်ပြန်မှု မရှိခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here