နှစ်လတာကာလအတွင်း​ လစ်ဗျား​နိုင်ငံအား​ အကြီး​မား​ဆုံး​ ​လေ​ကြောင်း​ထိုး​စစ်ဆင်နွှဲ

alt

လစ်ဗျား​ကို ထိုး​စစ်ဆင်ခဲ့​သော နှစ်လတာ ကာလအတွင်း​ အကြီး​မား​ဆုံး​ ​လေ​ကြောင်း​တိုက်ခိုက်မှုကို ​မေလ ၂၃ ရက်​နေ့​ညက NATOတပ်ဖွဲ့​များ​က ဆင်နွှဲခဲ့​ကြောင်း​ သိရသည်။

ယခုတိုက်ခိုက်မှုတွင် အဓိက ပစ်မှတ်အဖြစ် လစ်ဗျား​အာဏာရှင် မူအမ်မာ ဂဒါဖီ၏ ​နေအိမ်ပတ်ဝန်း​ကျင်ကို အဓိကရည်ရွယ်ခဲ့​ကြောင်း​ မျက်မြင်များ​ကဆိုသည်။ ​မေလ ၂၃ ရက်​နေ့​ ညပိုင်း​နှင့်​ ၂၄ ရက်​နေ့​ နံနက်အ​စောပိုင်း​က ထရီပိုလီ မြို့​တော်တွင် ဗုံး​ကြဲခဲ့​ပြီး​ ဂဒါဖီ၏ ​နေအိမ်ဝင်း​ကို နာရီဝက်​ကျော်မျှ ဗုံး​ကြဲခဲ့​ကြောင်း​ သိရသည်။

NATOတပ်ဖွဲ့​က ၎င်းတို့​၏ စစ်ဆင်​ရေး​သည် ဂဒါဖီအား​ အပြီး​တိုင် ​ချေမှုန်း​သုတ်သင်ရန် ရည်ရွယ်ချက် မရှိဟု ​ပြောဆို​နေဆဲဖြစ်သည်။ ယခုတိုက်ခိုက်မှုအတွင်း​ ဂဒါဖီ ဒဏ်ရာရထား​ကြောင်း​ သတင်း​အချို့​ ထွက်​ပေါ်ခဲ့​သော်လည်း​ အတည်ပြုနိုင်ခြင်း​ မရှိ​ပေ။

လစ်ဗျား​ အာဏာပိုင်များ​က NATOသည် လစ်ဗျား​အရပ်သား​များ​ကို ကာကွယ်ရန်ဟူ​သော အ​ကြောင်း​ပြချက်ဖြင့်​ ​လေ​ကြောင်း​ထိုး​စစ်ကို ဆင်နွှဲ​နေ​သော်လည်း​ ဗိုလ်မှူး​ကြီး​ ဂဒါဖီကို လုပ်ကြံရန် အဓိက ရည်ရွယ်​နေ​ကြောင်း​ စွပ်စွဲထား​သည်။ ထို့​အပြင် လစ်ဗျား​အစိုး​ရ ​ပြော​ရေး​ဆိုခွင့်​ရ ပုဂ္ဂိုလ် မူဆာအီဘရာဟင်က လစ်ဗျား​ပြည်သူ သန်း​ပေါင်း​များ​စွာက ၎င်းတို့​၏ ​ခေါင်း​ဆောင်ကြီး​ကို အား​ပေး​ထောက်ခံ​နေဆဲဖြစ်ပြီး​ NATOက ယင်း​ကို ထိပါး​နိုင်မည် မဟုတ်ဟု ​ကြွေး​ကြော်ခဲ့​သည်။

အ​မေရိကန်သည် လစ်ဗျား​ဆန္ဒပြသူများ​ကို အစိုး​ရက စစ်အင်အား​သုံး​ နှိမ်နင်း​ခဲ့​ခြင်း​အတွက် ပြည်သူများ​ကို အကာအကွယ်​ပေး​ရန် မတ်လမှစပြီး​ NATOအဖွဲ့​နှင့်​အတူ လစ်ဗျား​ကို ဗုံး​ကြဲတိုက်ခိုက်ခဲ့​ခြင်း​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here