ဂျင်စတင်ဘီဘာနှင့်​ ဆလီနာဂိုမက် အ​ပျော်ခရီး​ထွက်

alt

ဂျက်စတင်ဘီဘာနှင့်​ ဆလီနာဂိုမက်တို့​သည် Billboard ဂီတဆုကို လက်ခံရယူခဲ့​ပြီး​နောက် နှစ်ဦး​အတူ အ​ပျော်ခရီး​ ထွက်ခဲ့​ကြသည်။

ဆု​ပေး​ပွဲတွင် ဆု ၆ ခုထိ လက်ခံရယူပြီး​နောက် အသက် ၁၇ နှစ်အရွယ် က​နေဒါ Popဂီတ အဆို​တော်​လေး​ ဘီဘာသည် ဟာဝိုင်အီရှိ မွိုင်သို့​ ဂိုမက်နှင့်​အတူ သွား​ရောက်လည်ပတ်ခဲ့​သည်။ ဆယ်​ကျော်သက် ကြယ်ပွင့်​နှစ်ဦး​သည် အနုပညာ လှုက်ရှား​မှုများ​အတွက် ကြပ်ကြပ်တည်း​တည်း​ အစီအစဉ်များ​ ​ရေး​ဆွဲထား​သည့်​တိုင် ယခုလို စိတ်​ပြေလက်​ပျောက် အ​ပျော်ခရီး​ ထွက်လာကြခြင်း​ဖြစ်သည်။

၎င်းတို့​သည် အပမ်း​ဖြေ ဧရိယာ တစ်ခုကို ငှား​ရမ်း​ပြီး​နောက် ​ပေါ့​ပေါ့​ပါး​ပါး​ အဝတ်အစား​များ​နှင့်​သာ ​ပျော်ရွှင်စွာ သွား​လာ​နေလျက်ရှိသည်။ ဘီဘာသည် ​ရေကူး​ဘောင်း​ဘီကို ဝတ်ထား​သလို ဂိုမက်မှာလည်း​ ပန်း​ရောင်ဘီကနီနှင့်​ မီနီစကက်ကို ဝတ်ထား​ကြောင်း​ ​တွေ့​ရသည်။

ဘီဘာသည် ယခုသီတင်း​ပတ် အ​စောပိုင်း​က ပြုလုပ်သည့်​ Billboard ဂီတဆု​ပေး​ပွဲတွင် ဆုများ​စွာ ရရှိခြင်း​နှင့်​အတူ ဂီတ​လောကတွင် ဟဲဗီး​ဝိတ်တန်း​သို့​ ငယ်ငယ်ရွယ်ရွယ် ​ရောက်ရှိလာခဲ့​သည်။ အာရှာ၊​ ကင်ညာဝက်စ်တို့​နှင့်​ အတူတကွ အလုပ်လုပ်ခဲ့​ဖူး​သော ဘီဘာက ဖြစ်နိုင်လျင် ​ ဂျေး​ဇက်နှင့်​တွဲပြီး​ ဂီတဖန်တီး​မှုများ​ ပြုလုပ်ချင်​သေး​ကြောင်း​ ဖွင့်​ဟခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here