လိင်အကြမ်း​ဖက်မှု တစ်ခုအတွက် အဖမ်း​ခံရသည့်​ IMF အကြီး​အကဲ အာမခံရရှိ

alt

နိုင်ငံတကာ ​ငွေ​ကြေး​ရန်ပုံ​ငွေ အဖွဲ့​ကြီး​ (IMF)၏ အကြီး​အကဲ​ဟောင်း​ ​ဒေါမနစ်စတူး​ဝပ်ခန်း​သည် နယူး​ယောက်တွင် လိင်အကြမ်း​ဖက်မှု တစ်ခုအတွက် အဖမ်း​ခံထား​ရမှ အာမခံ ​လျှောက်ထား​မှု ​အောင်မြင်သွား​ပြီဖြစ်သည်။ ​

ဒေါမနစ်သည် အဆိုပါ အမှုအခင်း​နှင့်​ ကြံုခဲ့​ရပြီး​နောက် IMF၏ အကြီး​အကဲအဖြစ်မှ နှုတ်ထွက်ခဲ့​ပြီး​ဖြစ်သည်။ ပြင်သစ်နိုင်ငံသား​ ​ဒေါမနစ်သည် အ​မေရိကန်သို့​ ​ရောက်ရှိ​နေစဉ် နယူး​ယောက်ရှိ ဟိုတယ်တစ်ခုမှ ဝန်ထမ်း​အမျိုး​သမီး​ တစ်ဦး​ကို ကြံစည်ခဲ့​ကြောင်း​ စွပ်စွဲမှုဖြင့်​ အဖမ်း​ခံထား​ရခြင်း​ဖြစ်သည်။ ယခုအခါ ၎င်းသည် ​ဒေါ်လာ ၁ သန်း​တန် အာမခံ​ကြေး​ဖြင့်​ လွတ်​မြောက်လာခံသည်။ ​

ဒေါမနစ်သည် ရစ်ကာကျွန်း​ အကျဉ်း​ထောင်တွင် ၄ ရက်ကြာ ​နေထိုင်ခဲ့​ပြီး​နောက် ​မေလ ၁၉ ရက်​နေ့​က လွတ်​မြောက်လာခဲ့​သည်။ ၎င်းသည် ဇွန်လ ၆ ရက်​နေ့​ တရား​ရုံး​ ကြား​နာမှုအတွက် လာ​ရောက်စစ်​ဆေး​မှု ခံယူရမည်ဖြစ်သည်။ ​ဒေါမနစ်သည် ယခုသီတင်း​ပတ် အ​စောပိုင်း​က အယူခံ ​လျှောက်ထား​မှု ကြား​နာခဲ့​ရာတွင် ပယ်ချခြင်း​ ခံခဲ့​ရ​သေး​သည်။

အသက် ၆၂ နှစ်ရှိ ​ဒေါမနစ်သည် ထိုစဉ်က အယူခံ ဝင်ခဲ့​သော်လည်း​ ပြင်ဆင်ရန် အချိန်မလုံ​လောက်ခြင်း​နှင့်​ လိုအပ်​သော စာရွက်စာတမ်း​များ​ မပြည့်​စုံခြင်း​တို့​ကြောင့်​ ပယ်ချခြင်း​ ခံခဲ့​ရသည်။

၎င်းသည် ​မေလ ၁၄ ရက်​နေ့​က ဟိုတယ်ဝန်ထမ်း​ တစ်ဦး​ကို မဆီမ​လျော် ကြံစည်မှုအတွက် တရား​စွဲဆို ခံထား​ရခြင်း​ဖြစ်ပြီး​ ယင်း​အတွက် အပြစ်မရှိ​ကြောင်း​ ငြင်း​ဆိုထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here