ယို​ပေါက်ကြီး​ ခုနှစ်​ပေါက်နဲ့​ ဗမာပြည်

သရုပ်ပြ ရုပ်ပုံ  © ဧရာမြန်မာယူနီကုဒ်အဖွဲ့​

စစ်သား​​လူထွက်​​တွေနဲ့​​ ဖွဲ့​​ထား​​ပြီး​​ ဒီမိုက​​ရေစီမျက်နှာဖုံး​​စွပ်ထား​​တဲ့​​ အစိုး​​ရတစ်ရပ်

ဗမာပြည်သူ အများ​​စု ဆန္ဒနဲ့​​ ကင်း​​လွတ်စွာ ဖြစ်တည်​​ပေါ်ထွက်လာခဲ့​​ပြီ။ အဖက်ဖက်က ယိုယွင်း​​နိမ့်​​ကျ​​နေပြီး​​ အိုဇုန်း​​အိုဇနာကျ​​နေတဲ့​​ ဗမာပြည်ကို ​​ပေါ်လာတဲ့​​အစိုး​​ရသစ် ဘာအမှန်တကယ်ပြင်ဆင် တည်​​ဆောက်လိုတဲ့​​ ရည်ရွယ်ချက်ရှိ – မရှိဆိုတာကို ကာယကံရှင်​​တွေသာ သိ​​ပေလိမ့်​​မည်။

နိုင်ငံသား​​တစ်ဦး​​အ​​နေဖြင့်​​ တိုင်း​​ပြည်၏ ပကတိအ​​ခြေအ​​နေနှင့်​​ လိုအပ်ချက်များ​​ကို မြင်သိသမျှ စာ​​ရေး​​သူမှ မျှ​​ဝေ​​ဆွေး​​​နွေး​​လိုက်ပါ၏။

ဗမာပြည်တွင် ထင်ရှား​​ကြီး​​မား​​​သော ယို​​ပေါက်ကြီး​​ ခုနှစ်​​ပေါက်ရှိ​​နေ၏။ ထိုအ​​ပေါက်ကြီး​​များ​​မှ တိုင်း​​ပြည်၏ အဖိုး​​တန်ဆုံး​​အရာများ​​ ဒလ​​ဟော ​​ပေါက်ယိုစီး​​ကျ ​​လေလွင့်​​ဆုံး​​ရှံုး​​​နေသည်မှာ လွန်စွာ နှ​​မြောစရာ​​ကောင်း​​လှ၏။ စက္ကန့်​​တိုင်း​​၊​ မိနစ်တိုင်း​​တွင် ထိုအ​​ပေါက်ကြီး​​များ​​မှ ဆုံး​​ရှံုး​​​နေရ​​သော အရာများ​​စွာတို့​​ကား​​ ​​ကြောက်ခမန်း​​လိလိ တန်ဖိုး​​ကြီး​​လှ၏။ အချို့​​ကား​​ အစား​​ပြန်မရနိုင်​​တော့​​၊​ အချို့​​ကား​​ ပြန်လည်ပျိုး​​​ထောင်ရန် အချိန် နှစ်​​ပေါင်း​​များ​​စွာလို၏။ ဗမာပြည် လွတ်လပ်​​ရေး​​ ရပြီး​​စ ​​ခေတ်မှသည် မဆလ၊​ နဝတနှင့်​​ နအဖ ​​ခေတ်တစ်​​လျှောက်လုံး​​ ထိုအ​​ပေါက်ကြီး​​များ​​မှ တန်ဖိုး​​ကြီး​​ အရာများ​​စွာ တသွင်သွင် ဒလ​​ဟော ယိုစီး​​​ပေါက်ကျလျက် ရှိ​​နေခဲ့​​​ပေသည်။ ၎င်း​အ​​ပေါက်ကြီး​​များ​​ နှင့်​​ ထိုအ​​ပေါက်တို့​​ကို ပိတ်နိုင်​​သော နည်း​​လမ်း​​များ​​ကား​​ ​​အောက်ပါအတိုင်း​​ ဖြစ်​​တော့​​၏။

  • (၁) ဦး​​​နှောက်ယိုစီး​​မှု (Brain Drain)
  • (၂) ကိုယ်ကျင့်​​စာရိတ္တ ယိမ်း​​ယိုင်ပျက်စီး​​မှု (Character Drain)
  • (၃) သယံဇာတ ​​လေလွင့်​​ဆုံး​​ရှံုး​​မှု (Natural Resources Drain)
  • (၄) လူ့​​အခွင့်​​အ​​ရေး​​​ပျောက်ဆုံး​​မှု (Human Rights Drain)
  • (၅) အမျိုး​​သား​​စည်း​​လုံး​​မှု ပြိုကွဲခြင်း​​(National Unity Drain)
  • (၆) နိုင်ငံ​​တော်ဘဏ္ဍာ ဆုံး​​ရှံုး​​​လေလွင့်​​မှု (Finance/Budget Drain)
  • (၇) ​​ငွေ​​ကြေး​​အရင်း​​မြစ်နှင့်​​ ရင်း​​နှီး​​မြုပ်နှံမှုများ​​ ​​ပြောင်း​​​ရွှေ့​​​လျော့​​ပါး​​ကျဆင်း​​ခြင်း​​ (Capital Drain) တို့​​ဖြစ်ကြ၏။

ဦး​​​နှောက်ယိုစီး​​မှု (Brain Drain)

၁၉၆၂ ခုနှစ်၊​ စစ်တပ်မှ အာဏာသိမ်း​​၍ ဆိုရှယ်လစ်အမည်ခံစနစ် တည်​​ဆောက်ချိန်မှစ၍ ယ​​နေ့​​တိုင်​​အောင် ​​ခေတ်ပညာတတ်များ​​စွာ၊​ နိုင်ငံ​​ရေး​​သမား​​များ​​စွာ၊​ အနုပညာသည်များ​​စွာ စသည့်​​ တတ်သိပညာရှင်​​မြောက်များ​​စွာ တိုင်း​​ပြည်မှ ဖယ်ခွာ၍ ​​ရေကြည်ရာ မြက်နုရာ နိုင်ငံရပ်ခြား​​ တိုင်း​​တစ်ပါး​​သို့​​ ထွက်ခွာလုပ်ကိုင်လျက်ရှိကြ၏။ ထိုပညာရှင်တို့​​၏ ကာယ၊​ ဉာဏစွမ်း​​အား​​များ​​ တိုင်း​​ပြည်အတွက် ဆုံး​​ရှံုး​​​နေသည်မှာ ကြာမြင့်​​လှပြီဖြစ်၏။ ထိုပညာရှင်များ​​ ဗမာပြည်သို့​​ ပြန်ဝင် လာရန်မှာ နှုတ်ဖြင့်​​ ဖိတ်​​ခေါ်​​နေရုံဖြင့်​​ မလုံ​​လောက်ပါ။ သူတို့​​ပြန်ဝင်လာ​​အောင် ​​ရေခံ ​​မြေခံ ​​ကောင်း​​များ​​ တည်​​ဆောက်ဖို့​​လို၏။ အခွင့်​​အလမ်း​​များ​​၊​ အာမခံချက်များ​​၊​ ဆွဲ​​ဆောင်မှုများ​​ ဖန်တီး​​ရန် လို၏။ တိုင်း​​ပြည်အကျိုး​​ ရည်​​မျှော်၍ စစ်မှန်​​သော အ​​ပြောင်း​​အလဲများ​​ ​​ဖော်​​ဆောင်ကြရမည်။

ကိုယ်ကျင့်​​စာရိတ္တ ယိမ်း​​ယိုင်ပျက်စီး​​မှု (Character Drain)

ဗမာပြည်တွင် ယခုအခါ၌ ကိုယ်ကျင့်​​သိက္ခာ ယိမ်း​​ယိုင်မှုနှင့်​​ စာရိတ္တခြစား​​မှုတို့​​ကား​​ အမြင့်​​ဆုံး​​အဆင့်​​သို့​​ ​​ရောက်​​နေခဲ့​​ပြီ။ အဂတိလိုက်စား​​မှု၊​ တိုင်း​​ပြည်ဘဏ္ဍာခိုး​​ဝှက်ယူငင်မှု၊​ လာဘ်​​ပေး​​ လာဘ်ယူမှု၊​အကျင့်​​ပျက်ခြစား​​မှုတို့​​ကို ​​နေ့​​ခင်း​​​ကြောင်​​တောင် ရဲတင်း​​စွာ ​​ဗြောင်လုပ်​​ဆောင်​​နေကြပြီ။ ယခင်အစိုး​​ရမှ ထိုကိစ္စများ​​ကို ထိ​​ရောက်စွာ အ​​ရေး​​ယူမှုများ​​ မလုပ်ခဲ့​​။ အာဏာရှင် ​​ခေါင်း​​​ဆောင်များ​​ ကိုယ်တိုင် ခိုး​​ဆိုး​​လုယက်​​နေ​​သော​​ကြောင့်​​ ​​ခေါင်မလုံ၍ တတိုင်း​​ပြည်လုံး​​ မိုး​​ခါး​​​ရေဖြင့်​​ ရွှဲရွှဲစို​​နေကုန် ကြ၏။ ​​ပေါ်ထွက်လာသည့်​​ အစိုး​​ရသစ်အ​​နေဖြင့်​​ ဤအကျင့်​​ပျက်မှုများ​​ကို ပြင်း​​ထန်ထိ​​ရောက်စွာ အ​​ရေး​​ယူနိုင်ဖို့​​ လို၏။ ထိုသို့​​ ​​ဆောင်ရွက်ရန် လူတိုင်း​​အလုပ်ကိုင်ရှိရန်၊​ စား​​ဝတ်​​နေ​​ရေး​​ အ​​ခြေခံ လိုအပ်ချက်များ​​အတွက် လုံ​​လောက်​​သော ဝင်​​ငွေရှိရန်၊​ လူတိုင်း​​အတွက် အခွင့်​​အ​​ရေး​​ အညီအမျှ ရှိ​​စေမည့်​​ အုပ်ချုပ်​​ရေး​​ စနစ်တစ်ရပ်ကို ဖန်တီး​​ဖို့​​လို၏။

သယံဇာတ ​​လေလွင့်​​ဆုံး​​ရှံုး​​မှု (Natural Resources Drain)

သစ်​​တောများ​​ ပရမ်း​​ပတာခုတ်ခြင်း​​၊​ ​​တောထွက်ပစ္စည်း​​များ​​ စည်း​​မဲ့​​ကမ်း​​မဲ့​​ ထုတ်ယူသုံး​​စွဲ ​​နေခြင်း​​၊​ ​​ကျောက်စိမ်း​​၊​ ပတ္တမြား​​၊​ နီလာနှင့်​​ ရတနာမျိုး​​စုံမှသည် ​​ရေနံ၊​ သဘာဝဓါတ်​​ငွေ့​​များ​​၊​ သတ္တုရိုင်း​​များ​​ အဆမတန် ထုတ်လုပ်ပြီး​​ ရသည့်​​​ငွေ​​ကြေး​​များ​​ကို တိုင်း​​ပြည်ထူ​​ထောင်မှုတွင် ထိ​​ရောက်စွာ မသုံး​​စွဲနိုင်ခြင်း​​တို့​​မှာ လွန်စွာနှ​​မြောစရာ ​​ကောင်း​​လှ၏။ ၁၉၄၈ မှသည် ၂၀၁၁ ခုနှစ်ထိ ​​လေလွင့်​​ဆုံး​​ရှံုး​​မှုများ​​ကို ကိန်း​​ဂဏန်း​​များ​​ဖြင့်​​ တွက်ချက်ကြည့်​​ပါက ကြက်သီး​​ထဖွယ် ပမာဏ ဖြစ်​​ပေမည်။ ထိုဝင်​​ငွေများ​​ဖြင့်​​ ဗမာပြည်ကို တိုး​​တက်ဖွံ့​​ဖြိုး​​​သော တိုင်း​​ပြည်ဖြစ်​​အောင် ဆယ်ခါပြန် တည်​​ဆောက်၍ ရနိုင်​​လောက်၏။ ထိုသို့​​ ဆုံး​​ရှံုး​​​နေမှုကို ကာကွယ်ရန်မှာ တိကျ၍ ထင်သာမြင်သာ ရှိ​​သော ကိန်း​​ဂဏန်း​​ထုတ်ပြန်မှုများ​​နှင့်​​ မှန်ကန်​​သော ဘတ်ဂျက်အသုံး​​စရိတ် ခွဲ​​ဝေမှုများ​​ ရှိဖို့​​ လိုအပ်သလို မှန်ကန်​​သော အုပ်ချုပ်မှုစနစ် မဖြစ်မ​​နေ လိုအပ်​​ပေသည်။

လူ့​​အခွင့်​​အ​​ရေး​​ ​​ပျောက်ဆုံး​​မှု (Human Rights Drain)

အာဏာရှင်စနစ် ကြီး​​စိုး​​​နေသ၍ ပြည်သူပြည်သား​​တို့​​၏ လူဖြစ်သိက္ခာကို အသိအမှတ် မပြုမှုများ​​၊​ အ​​ခြေခံလူ့​​အခွင့်​​အ​​ရေး​​ ချိုး​​​ဖောက်မှုတို့​​ကို မလွဲမ​​သွေ ရင်ဆိုင်ကြံု​​တွေ့​​ကြရ​​ပေမည်။ ​​နေ့​​တဓူဝ အသိဉာဏ်နုံနဲ မိုက်မဲ​​သော သူတို့​​၏ နှိပ်စက်မှု၊​ အနိုင်ကျင့်​​ ​​စော်ကား​​မှုကို ပြည်သူ လူထုတစ်ရပ်လုံး​​ ခံစား​​ကြရ​​ပေမည်။ ထိုအဖြစ်မှ လွတ်ကင်း​​ရန်မှာ လူ့​​အခွင့်​​အ​​ရေး​​ကို ​​လေး​​စား​​ လိုက်နာခြင်း​​၊​ အသိအမှတ်ပြုခြင်း​​တို့​​ဖြင့်​​ ​​ဆောင်ရွက်နိုင်ပါ၏။ လွတ်လပ်စွာ ယုံကြည်ခွင့်​​၊​ ကိုး​​ကွယ်ခွင့်​​၊​ ​​ရေး​​သား​​ခွင့်​​၊​ ​​ပြောဆိုခွင့်​​၊​ စည်း​​ရုံး​​ခွင့်​​ စသည့်​​ အ​​လေ့​​အထ​​ကောင်း​​များ​​ ခွင့်​​ပြုကြရ ​​ပေမည်။ လူထု ဆက်သွယ်​​ရေး​​လမ်း​​​ကြောင်း​​မျိုး​​စုံနှင့်​​ လူ့​​အခွင့်​​အ​​ရေး​​ကို ​​လေး​​စား​​တတ်​​အောင် ပညာ​​ပေး​​ကြရမည်။ ​​ကျောင်း​​သင်ခန်း​​စာများ​​တွင် ပြဌာန်း​​သင်ကြား​​​ပေး​​ရန် လို​​ပေသည်။

အမျိုး​​သား​​စည်း​​လုံး​​မှု ပြိုကွဲခြင်း​​ (National Unity Drain)

လွတ်လပ်​​ရေး​​ရပြီး​​ချိန်မှစ၍ ပင်လုံသ​​ဘောတူညီချက်ကို အ​​ကောင်အထည် မ​​ဖော်နိုင်ခြင်း​​၊​ စစ်အာဏာရှင်တို့​​မှ သပ်လျှို​​သွေး​​ခွဲဆက်ဆံမှုများ​​၊​ ဖက်ဒရယ်တ​​စ္ဆေဖြင့်​​ ​​ခြောက်လှန့်​​မှုများ​​၊​ ၎င်း​တို့​​၏ အ​​မျှော်အမြင်ကင်း​​မဲ့​​​သော လူမျိုး​​ကြီး​​ဝါဒစွဲများ​​​ကြောင့်​​ တိုင်း​​ရင်း​​သား​​များ​​၊​ အတိုက်ခံ နိုင်ငံ​​ရေး​​အင်အား​​စုများ​​ အကြား​​ဝယ် အမျိုး​​သား​​စည်း​​လုံး​​ညီညွတ်မှု ပြိုကွဲခဲ့​​ရ၏။ တိုင်း​​ပြည်တစ်ခု ထူ​​ထောင်ရာတွင် အ​​ရေး​​ပါဆုံး​​အချက်သည် နိုင်ငံ​​ရေး​​တည်ငြိမ်မှုဖြစ်၏။ နိုင်ငံ​​ရေး​​တည်ငြိမ်ရန်မှာ အမျိုး​​သား​​စည်း​​လုံး​​ညီညွတ်မှု၊​ အပြန်အလှန် နား​​လည်​​လေး​​စား​​မှု မဖြစ်မ​​နေ လိုအပ်၏။ ညီညွတ်မှု ရရန်မှာ စစ်မှန်​​သော ငြိမ်း​​ချမ်း​​​ရေး​​ တည်​​ဆောက်ကြရမည်။ တိုင်း​​ရင်း​​သား​​တို့​​၏ အခွင့်​​အ​​ရေး​​ကို အာမခံ​​ပေး​​နိုင်သည့်​​ စနစ်တစ်ခု ​​ဖော်​​ဆောင်ရန်လဲ လို၏။ ၎င်း​တို့​​၏ ဘာသာ၊​ စာ​​ပေ၊​ လူမျိုး​​နှင့်​​ ယဉ်​​ကျေး​​မှုများ​​ကို ၎င်း​တို့​​ကိုယ်တိုင် ပြဌာန်း​​ခွင့်​​ ရှိရ​​ပေလိမ့်​​မည်။ လက်ရှိအစိုး​​ရသစ်နှင့်​​တကွ အတိုက်အခံနိုင်ငံ​​ရေး​​အင်အား​​စုများ​​၊​ တိုင်း​​ရင်း​​သား​​အဖွဲ့​​အစည်း​​များ​​ အဆိုပါ ရည်မှန်း​​ချက်များ​​ ဆီသို့​​ ရိုး​​သား​​စွာ ဦး​​တည်​​လျှောက်လှမ်း​​ဖို့​​ အလွန်အ​​ရေး​​ကြီး​​လှ​​ပေ၏။ ယုံကြည်ချက်အတွက် ​​ထောင်အချခံထား​​ရ​​သော နိုင်ငံ​​ရေး​​အကျဉ်း​​သား​​များ​​ကို လွတ်ငြိမ်း​​ချမ်း​​သာခွင့်​​ ​​ပေး​​ရန်လို၏။

နိုင်ငံ​​တော်ဘဏ္ဍာ ဆုံး​​ရှံုး​​​လေလွင့်​​မှု (Finance/Budget Drain)

တိုင်း​​ပြည်၏ ဘဏ္ဍာ​​ရေး​​အသုံး​​စရိတ်များ​​၊​ မမှန်ကန်​​သော ဌာနဆိုင်ရာ ဘတ်ဂျက်ခွဲတမ်း​​များ​​၊​ လူထုသက်သာ​​ချောင်ချိ​​ရေး​​ အသုံး​​စရိတ်များ​​ ထိ​​ရောက်စွာ မသုံး​​စွဲနိုင်ဘဲ အကျင့်​​ပျက် အရာရှိများ​​၊​ ဝန်ထမ်း​​များ​​ ခိုး​​ဝှက်ကဲ့​​ယူ ​​နေမှု​​ကြောင့်​​ ​​လေလွင့်​​ဆုံး​​ရှံုး​​မှုများ​​ ​​နေရာတိုင်း​​တွင် ရှိ​​နေ၏။ ပါမစ်၊​ လုပ်ပိုင်ခွင့်​​များ​​ ​​ရောင်း​​စား​​လျက် ကိုယ်ကျိုး​​ရှာမှုများ​​​ကြောင့်​​ တိုင်း​​ပြည်ဘဏ္ဍာ​​ငွေများ​​ ဆုံး​​ရှံုး​​နစ်နာ လျက် ရှိ​​နေ​​ပေသည်။ အဆိုပါ ယို​​ပေါက်ကို ပိတ်ဆို့​​ရန်မှာ တာဝန်ယူမှုနှင့်​​ တာဝန်ခံမှုများ​​ကို သိသာ ထင်ရှား​​​အောင် ပြဌာန်း​​အ​​ရေး​​ယူ ​​ဆောင်ရွက်ဖို့​​ လိုအပ်​​ပေသည်။

​ငွေ​​ကြေး​​ အရင်း​​အမြစ်နှင့်​​ ရင်း​​နှီး​​မြှုပ်နှံမှုများ​​​ကြောင့်​​ ​​ပြောင်း​​​ရွှေ့​​​လျော့​​ပါး​​ကျဆင်း​​ခြင်း​​ (Capital Drain)

​တော်လှန်​​ရေး​​​ကောင်စီ အာဏာသိမ်း​​ပြီး​​​နောက် ပြည်သူပိုင်ပြုသည့်​​အချိန်မှစ၍ ဗမာပြည်၏ ​​ငွေ​​ကြေး​​အရင်း​​အမြစ်များ​​ ပြည်ပနိုင်ငံများ​​သို့​​ ​​ပြောင်း​​​ရွှေ့​​ယိုထွက်ခဲ့​​၏။ ရင်း​​နှီး​​မြှုပ်နှံရန် မသင့်​​​တော် သည့်​​ အ​​ခြေအ​​နေများ​​နှင့်​​ မ​​ရေရာ​​သော စွန့်​​စား​​မှုကိန်း​​(Risk Factor) မြင့်​​မား​​မှုတို့​​​ကြောင့်​​ ဗမာ ပြည်သည် ​​ရေခံ​​မြေခံ​​ကောင်း​​ပါလျက် ပထဝီဝင်နိုင်ငံ​​ရေး​​အရ ဗျူဟာကျပါလျက် ရင်း​​နှီး​​မြှုပ်နှံမှုများ​​ ​​ပြောင်း​​​ရွှေ့​​ကုန်ပြီး​​ ဖွံ့​​ဖြိုး​​တိုး​​တက်မှု ​​နှေး​​​ကွေး​​၍ အိမ်နီး​​ချင်း​​နိုင်ငံများ​​​နောက် များ​​စွာပြတ်ကျန်ရစ်ခဲ့​​၏။ ဤယို​​ပေါက်ကို ပိတ်နိုင်ရန်မှာ စီး​​ပွား​​​ရေး​​အ​​ခြေခံနှင့်​​ အ​​ပေါ်ထပ် အ​​ဆောက်အဦများ​​ တည်​​ဆောက်ရန် လို၏။ ​​ငွေ​​ကြေး​​စနစ်နှင့်​​ ဘဏ်လုပ်ငန်း​​များ​​ကို နိုင်ငံတကာ အဆင့်​​မီ​​အောင် ပြင်ဆင်တည်​​ဆောက် ကြရမည်။ ကုန်သွယ်မှု ဥပ​​ဒေများ​​၊​ ​​ဈေး​​ကွက်စီး​​ပွား​​​ရေး​​စနစ်နှင့်​​ ​​လျော်ညီ​​အောင် ပြဌာန်း​​ကြရမည်။ ကြိုး​​နီစနစ်များ​​ ဖျက်သိမ်း​​၍ ထိ​​ရောက်လျင်မြန်​​သော ဝန်​​ဆောင်မှုများ​​ ​​ပေး​​နိုင်​​အောင် ​​ဆောင်ရွက် ကြရမည်။ အဂတိလိုက်စား​​မှုများ​​ စနစ်တကျ တိုက်ဖျက်ရ​​ပေမည်။

အချုပ်အား​​ဖြင့်​​ဆိုလျှင် အထက်​​ဖော်ပြပါ ယို​​ပေါက်ကြီး​​(၇)​​ပေါက် ဗမာပြည်တွင် အမှန်တကယ် ရှိ​​နေ၏။ အချိန်နှင့်​​အမျှ နိုင်ငံ​​တော်နှင့်​​ တိုင်း​​သူပြည်သား​​တို့​​အတွက် ကြီး​​ကျယ်စွာ ဆုံး​​ရှံုး​​နစ်နာ ​​နေရ၏။ ထိုယို​​ပေါက်ကြီး​​များ​​ကို ပိတ်ဆို့​​ရန်မှာ တစ်မျိုး​​သား​​လုံး​​၏ သမိုင်း​​​ပေး​​တာဝန်ဖြစ်၏။

ထိုတာဝန်ကို ထမ်း​​​ဆောင်ရန် အဓိကတာဝန်အရှိဆုံး​​အဖွဲ့​​အစည်း​​မှာ တရား​​စီရင်​​ရေး​​အာဏာ၊​ ဥပ​​ဒေပြုအာဏာ၊​ အုပ်ချုပ်​​ရေး​​အာဏာ စသည် အာဏာကြီး​​ (၃)ရ်ကို ထိန်း​​သိမ်း​​ထား​​သည့်​​ လက်ရှိ အစိုး​​ရသစ် ဖြစ်၏။ တိုင်း​​ကျိုး​​ပြည်ကျိုး​​ကို သယ်ပိုး​​​သော အစိုး​​ရ ဟုတ်မဟုတ်၊​ ပြည်သူကို ကိုယ်စား​​ပြု​​သော အစိုး​​ရ ဟုတ်မဟုတ်ကို အဆိုပါ ယို​​ပေါက်ကြီး​​များ​​ကို ပိတ်/မပိတ်ဆိုသည့်​​ ​​ပေတံဖြင့်​​ တိုင်း​​တာ​​စောင့်​​ကြည့်​​ ဆုံး​​ဖြတ်ကြရ​​ပေလိမ့်​​မည်။ အဲ့​​ဒီယို​​ပေါက်ကြီး​​​တွေ မပိတ်ဆို့​​ရုံမက ​​နောက်ထပ်အချည်း​​အနှီး​​ အ​​ပေါက်များ​​ ထပ်​​ဖောက်မည့်​​ အစိုး​​ရဆိုရင်ဖြင့်​​ ​​အောင်​​ဖေ ​​ညောင်း​​ ဆရာ​​ရေလို့​​ဘဲ ​​ပြောပါရ​​စေ​​တော့​​…………။

မင်း​​​ကောင်း​​ချစ်

LEAVE A REPLY

Please enter your comment!
Please enter your name here