အလွန်ဝသည့်​ တရား​ခံအတွက် တရား​ရုံး​တွင် စစ်​ဆေး​ရန် အခက်​တွေ့​

alt

လိမ်လည်မှုအတွက် စွဲချက်တင်ခံရသည့်​ ဘီဗာလီ ​ဒေါက်ကလက်အတွက် တရား​ရုံး​သို့​ သွား​ရောက်စစ်​ဆေး​မှု ခံယူရန် အလွန်ခက်ခဲသည်။

သူမအား​ စစ်​ဆေး​မှု ပြုလုပ်ရန် တရား​သူကြီး​က အချိန်​ရွှေ့​ဆိုင်း​ပေး​လိုက်ရသည်။ အဘယ်​ကြောင့်​ဆို​သော် အသက် ၄၃ နှစ်ရှိ ဘီဗာလီသည် အလွန်ဝသဖြင့်​ တရား​ရုံး​ ​လှေခါး​များ​ပေါ် မတက်နိုင်သလို တံခါး​ပေါက် ကျဉ်း​ကျဉ်း​လေး​များ​ကိုလည်း​ မဖြတ်သန်း​နိုင်​သော​ကြောင့်​ဖြစ်သည်။

သူမသည် လိမ်လည်မှု စွဲချက်​ပေါင်း​ ၁၃ ခုနှင့်​ ကြံု​နေရသည်။ လန်ဒန်​တောင်ပိုင်း​မှ အမျိုး​သမီး​ကြီး​သည် ဘတ်စ်ကား​ဒရိုင်ဗာ၊​ CCTV​အော်ပ​ရေတာ တစ်ဦး​အဖြစ် လုပ်ကိုင်ခဲ့​သူဖြစ်ပြီး​ သူမသည် လူအများ​ထံမှ ​ဒေါ်လာ ​ထောင်နှင့်​သောင်း​နှင့်​ချီ လိမ်လည်ရယူခဲ့​ကြောင်း​ စွပ်စွဲခံ​နေရသည်။ ​

မေလ ၂၂ ရက်​နေ့​က သူမသည် အမှုရင်ဆိုင်ရန် လန်ဒန်တရား​ရုံး​သို့​ ​ရောက်လာ​သော်လည်း​ တရား​ခွင် မဝင်နိုင်ခြင်း​ကြောင့်​ တရား​သူကြီး​က ရုံး​ချိန်း​ကို ​ရွှေ့​ဆိုင်း​ပေး​ခဲ့​ရသည်။ သူမသည် အလုပ်ခွင် တာဝန်ထမ်း​ဆောင်​နေသည့်​ ၂၀၀၄ ခုနှစ်၊​ မတ်လမှ ၂၀၀၉ ခုနှစ် ​ဖေ​ဖော်ဝါရီလအထိ ​ငွေ​ကြေး​လိမ်လည်မှုများ​ ကျူး​လွန်ခဲ့​ပြီး​ ပင်စင်နှင့်​ အလုပ်အကိုင် အခွင့်​အ​ရေး​များ​ အလွဲသုံး​စား​ လုပ်မှုဖြင့်​ တရား​ရင်ဆိုင်​နေရသည်။

သူမအား​ ဇူလိုင်လ ရ ရက်​နေ့​တွင် ​လှေခါး​ထစ်များ​ မပါသလို ပိုမိုကျယ်ဝန်း​သည့်​ တံခါး​များ​ တပ်ဆင်ထား​သည့်​ ​ခေတ်မီ တရား​ရုံး​တစ်ခုတွင် စစ်​ဆေး​သွား​မည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here