​တော်ဝင်မင်း​သား​နှင့်​ ကိတ်မစ်ဒယ်တန်တို့​ ပျား​ရည်ဆမ်း​​ခရီး​မှပြန်​ရောက်လာ

alt

​တော်ဝင်မင်း​သား​ ဝီလျံနှင့်​ ကိတ်မစ်ဒယ်တန်တို့​ ကြင်စဦး​ ဇနီး​မောင်နှံမှာ ပျား​ရည်ဆမ်း​ ခရီး​မှ ဗြိတိန်သို့​ ပြန်​ရောက်လာပြီဖြစ်သည်။

ကျွန်း​နိုင်ငံ​လေး​ ဆိုင်ချီလိသို့​ သွား​ရောက်ပြီး​ ပူ​နွေး​သော ​နေ​ရောင်ခြည် ကျ​ရောက်​သော ရာသီဥတုနှင့်​ လှပ​သော ပတ်ဝန်း​ကျင်တို့​တွင် ​ပျော်ရွှင်စွာ အချိန်ကုန်ခဲ့​ပြီး​နောက် ဝီလျံတို့​သည် လန်ဒန်သို့​ ပြန်​ရောက်လာ​ကြောင်း​ စိန့်​ဂျိမ်း​နန်း​တော်ကဆိုသည်။ ဆိုင်ချီလိသည် ကင်ညာမှ အ​ရှေ့​ဖက် မိုင် ၁၀၀၀ အကွာရှိ ကျွန်း​နိုင်ငံ​လေး​ဖြစ်သည်။

ကင်း​ဘရစ် မြို့​စား​နှင့်​ မြို့​စား​က​တော်တို့​၏ ပျား​ရည်ဆမ်း​ ခရီး​မှာ ၁၀ ရက်ကြာမြင့်​ပြီး​ ယင်း​အတွက် ​တော်ဝင်မိသား​စုအ​နေနှင့်​ ​ဒေါ်လာ ခုနစ်သိန်း​ကျော် ကုန်ကျခဲ့​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။ ဆိုင်ချီလိ ခရီး​သွား​ဝန်ကြီး​ဌာနက ဝီလျံတို့​ ဇနီး​မောင်နှံသည် မိမိတို့​နိုင်ငံတွင် ​ပျော်ရွှင်​ကျေနပ်စွာ အချိန်ကုန်ခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ​

တော်ဝင်မိသား​စုကလည်း​ ပျား​ရည်ဆမ်း​ ခရီး​အတွက် အစစ အရာရာ ကူညီ​ထောက်ပံ့​ပေး​ခဲ့​သော ဆိုင်ချီလိ အစိုး​ရကို များ​စွာ​ကျေး​ဇူး​တင်​ကြောင်း​ ​ကြေညာခဲ့​သည်။ ကိတ်နှင့်​ ဝီလျံတို့​သည် ပြီး​ခဲ့​သည့်​ လကုန်ပိုင်း​က လက်ထပ်ခဲ့​ပြီး​နောက် ယခုလ အ​စောပိုင်း​ကမှ ပျား​ရည်ဆမ်း​ခရီး​ ထွက်ခဲ့​ခြင်း​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here