တာလီဘန်တို့​ တိုက်ခိုက်ခံရသည့်​ ​ရေတပ်လက်​အောက်ခံ ​လေဆိပ်အား​ ပါကစ္စတန်ပြန်လည်သိမ်း​ပိုက်

alt

ပါကစ္စတန် စစ်တပ်သည် ကရာချိတွင် တာလီဘန် အကြမ်း​ဖက်သမား​များ​က အင်အား​သုံး​ တိုက်ခိုက်ခဲ့​သည့်​ ​လေတပ်စခန်း​ကို ပြန်လည်ထိန်း​ချုပ် သိမ်း​ပိုက်နိုင်ခဲ့​ပြီဖြစ်သည်။ ​

မေလ ၂၄ ရက်​နေ့​တွင် ၁၈ နာရီကြာ တိုက်ပွဲအပြီး​ ​ရေတပ်လက်​အောက်ခံ ​လေဆိပ်ကို မိမိတို့​ ရှင်း​လင်း​ထိန်း​သိမ်း​လိုက်ပြီဟု စစ်တပ်ကဆိုသည်။ အဆိုပါ တပ်စခန်း​တွင် အကြမ်း​ဖက်တပ်ဖွဲ့​များ​နှင့်​ ​ရေရှည်တိုက်ပွဲဝင်​နေသည့်​ နိုင်ငံ၏ နျူကလီး​ယား​ ထိပ်ဖူး​များ​ ရှိ​နေသည်ဟုပင် သတင်း​များ​ ထွက်​ပေါ်​နေသည်။ တာလီဘန် အ​သေခံ ဗုံး​သမား​များ​ကြောင့်​ အ​မေရိကန်က ​ထောက်ပံ့​ပေး​ထား​သည့်​ ​ခေတ်မီ​ထောက်လှမ်း​ရေး​ ​လေယာဉ်နှစ်စင်း​ လုံး​ဝပျက်စီး​သွား​ကြောင်း​ သတင်း​များ​ကဆိုသည်။

ယခုတိုက်ခိုက်မှုသည် တာလီဘန်တို့​က အကြမ်း​ဖက် ​ခေါင်း​ဆောင် အိုစမာဘင်လာဒင် ​သေဆုံး​မှုအတွက် လက်စား​ချေခဲ့​ခြင်း​ဖြစ်သည်။ ယခုတိုက်ပွဲတွင် အနည်း​ဆုံး​ ၁၁ ဦး​မျှ ​သေဆုံး​ခဲ့​ကြောင်း​ ပါကစ္စတန် စစ်တပ်က ​ပြောကြား​ခဲ့​သည်။

​လေတပ်စခန်း​တွင် ရှိ​နေသည့်​ အ​မေရိကန် စစ်ဖက်အရာရှိအချို့​ ​ဘေး​ကင်း​စွာ လွတ်​မြောက်ခဲ့​ကြောင်း​လည်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။ ပါကစ္စတန် အစိုး​ရက ယခုလုပ်ရပ်အ​ပေါ် တုန့်​ပြန်မည်ဟု ​ပြောဆိုပြီး​ ပါကစ္စတန် ပြည်သူများ​သည် အကြမ်း​ဖက်မှုကို ဆက်လက်တွန်း​လှန်သွား​မည်ဖြစ်​ကြောင်း​ ​ပြောကြား​ထား​သည်။

တာလီဘန်တို့​သည် ​မေလဆန်း​က ပါကစ္စတန်နိုင်ငံ၊​ အက်​ဘော့​တာဘက်တွင် အ​မေရိကန် တပ်များ​က ဝင်​ရောက်သတ်ဖြတ်ခဲ့​သည့်​ ဘင်လာဒင်အတွက် အ​မေရိကန်ကို​ရော၊​ ပါကစ္စတန်ကိုပါ လက်စား​ချေမည်ဟု ခြိမ်း​ခြောက်ထား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here