​မြောက်ကိုရီး​ယား​ခေါင်း​ဆောင်အဖြစ် ဆက်ခံမည့်​ ကင်ဂျွန်အန်း​ တရုတ်နိုင်ငံသို့​ရောက်ရှိ​နေဟုဆို

alt

​တောင်ကိုရီး​ယား​ သတင်း​ဌာနများ​က ​မြောက်ကိုရီး​ယား​ ​ခေါင်း​ဆောင်ရာထူး​ ဆက်ခံခွင့်​ရထား​သူ ကင်ဂျွန်အန်း​သည် တရုတ်နိုင်ငံသို့​ ​ရောက်ရှိ​နေ​ကြောင်း​ ​ဖော်ပြခဲ့​သည်။

တရုတ်နိုင်ငံရှိ တမ်မန်း​တွင် ဂျွန်အန်း​ ​ရောက်ရှိ​နေ​ကြောင်း​ ထိုမြို့​မှ အမည်မ​ဖော်သူ သတင်း​ရင်း​မြစ်၏ အဆိုကို ကိုး​ကား​ပြီး​ ယွန်ဟပ်သတင်း​စာက ​ဖော်ပြခဲ့​သည်။ အဆိုပါ သတင်း​ရင်း​မြစ်မှာ တရုတ်၏ ​ဒေသဆိုင်ရာ အာဏာပိုင် တစ်ဦး​ဖြစ်ပြီး​ မိမိတို့​သည် ​မေလ ၂၀ ရက်​နေ့​က ​ရောက်ရှိသည့်​ အထူး​ပုဂ္ဂိုလ် တစ်ဦး​အတွက် ​ဒေသဆိုင်ရာ အစိုး​ရ ဧည့်​ဂေဟာကို ပြင်ဆင်​ပေး​ခဲ့​ရ​ကြောင်း​ ယွန်ဟပ်သို့​ ​ပြောကြား​ခဲ့​သည်။ ​တောင်ကိုရီး​ယား​ နိုင်ငံခြား​ရေး​ ဝန်ကြီး​ဌာနက ယခုသတင်း​ကို အတည်ပြုနိုင်ရန် မိမိတို့​ ကြိုး​စား​နေ​ကြောင်း​ ထုတ်ပြန်ခဲ့​သည်။

အသက် ၂၀ ​ကျော်သာ ရှိသည်ဟု ယူဆရ​သော ဂျွန်အန်း​သည် ယမန်နှစ်အတွင်း​က ကြယ်​လေး​ပွင့်​ ဗိုလ်ချုပ်အဖြစ် ရာထူး​တိုး​မြှင့်​ ခံရပြီး​နောက် ဖခင်ဖြစ်သူ ​မြောက်ကိုရီး​ယား​ အာဏာရှင် ကင်ဂျံုအီ၏ ​နေရာကို ဆက်ခံမည့်​သူအဖြစ် ​ရွေး​ချယ်ခံရသည်။

​မြောက်ကိုရီး​ယား​၏ စစ်​ရေး​မဟာမိတ် တရုတ်သို့​ ဂျွန်အန်း​ ​ရောက်ရှိလာခြင်း​သည် ၎င်းအာဏာဆက်ခံသည့်​အခါ တရုတ်ထံမှ ကူညီ​ထောက်ပံ့​မှု ဆက်လက်ရရှိ​စေ​ရေး​ ညှိနှိုင်း​ရန် ရည်ရွယ်ခြင်း​ ဖြစ်နိုင်​ကြောင်း​ ​တောင်ကိုရီး​ယား​ သတင်း​များ​ကဆိုသည်။ ​မြောက်ကိုရီး​ယား​တွင် စား​နပ်ရိက္ခာ ပြတ်လပ်မှုများ​ ဖြစ်​ပေါ်​နေပြီး​ ၎င်း၏ နျူကလီး​ယား​ လက်နက်စီမံကိန်း​အတွက် တစ်ကမ္ဘာလုံး​က ဖိအား​ပေး​ ကန့်​ကွက်​နေချိန်တွင် ဂျွန်အန်း​၏ ခရီး​စဉ်သတင်း​ ထွက်​ပေါ်လာခြင်း​ဖြစ်သည်။

၎င်းသည် ယမန်နှစ်က ဖခင်ဖြစ်သူ တရုတ်သို့​ သွား​ရောက်စဉ်က လိုက်ပါသွား​ခဲ့​သေး​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here