ကွယ်လွန်သွား​ပြီဖြစ်သည့်​ ခင်ပွန်း​သည်၏ သုက်ပိုး​အား​ ဇနီး​ဖြစ်သူမုဆိုး​မ ပိုင်ဆိုင်ခွင့်​ရ

alt

ဩစ​တြေး​လျနိုင်ငံမှ မုဆိုး​မ တစ်ဦး​သည် ကွယ်လွန်ရှာပြီဖြစ်​သော သူမ၏ ခင်ပွန်း​သည်၏ သုက်ပိုး​ကို ရယူပိုင်ဆိုင်ခွင့်​ ရှိသွား​ပြီဖြစ်သည်။

သူမသည် တရား​ရေး​အရ အကြိတ်အနယ် တိုက်ပွဲဝင်ပြီး​နောက် ကွယ်လွန်သူ ခင်ပွန်း​သည်ထံမှ ​အေး​ခဲစနစ်ဖြင့်​ ရယူထား​သော သုက်ပိုး​ကို IVFနည်း​ဖြင့်​ သ​န္ဓေ​အောင်ရန် ကြိုး​ပမ်း​ခွင့်​ ရရှိသွား​ပြီဟု သိရသည်။ နယူး​ဆောက်​ဝေး​မှ တရား​သူကြီး​ ​ရောဘတ်ဟူမီက ဂျိုဆီလင်း​အက်ဒွပ်အား​ ခင်ပွန်း​သည်၏ သုက်ပိုး​ကို လက်ခံရယူခွင့်​ရှိ​ကြောင်း​ စီရင်ဆုံး​ဖြတ်​ပေး​လိုက်သည်။

အသက် ၄၀ အရွယ် ဂျိုဆီလင်း​၏ ခင်ပွန်း​သည် မတ်အက်ဒွပ်သည် လုပ်ငန်း​ခွင် မ​တော်တဆမှု တစ်ခုအတွင်း​ ​သေဆုံး​ခဲ့​သည်။ နယူး​ဆောက်​ဝေး​တွင် IVFစနစ်ဖြင့်​ သုက်ပိုး​လှူဒါန်း​မှုကို အလှူရှင်၏ ဆန္ဒမပါဘဲ ခွင့်​မပြုဟု ဥပ​ဒေ ပြဌာန်း​ထား​သည်။

မတ်သည် ​သေဆုံး​သွား​ချိန်တွင် ဂျိုဆီလင်း​အတွက် ယခုကိစ္စကို ခွင့်​ပြု​ပေး​ခဲ့​ခြင်း​ မရှိ​သော​ကြောင့်​ ဂျိုဆီလင်း​မှာ ခင်ပွန်း​ဖြစ်သူ၏ မျိုး​ဆက်​သွေး​ ရယူနိုင်​ရေး​အတွက် တရား​ဥပ​ဒေနှင့်​ အပြိုင်ကြိုး​ပမ်း​ခဲ့​ရသည်။ သူမသည် မတ်နှင့်​ ၂၀၀၅ ခုနှစ်ကတည်း​က လက်ထပ်ခဲ့​ခြင်း​ဖြစ်​သော်လည်း​ ကိုယ်ဝန်မရသဖြင့်​ IVFနည်း​ဖြင့်​ ကြိုး​ပမ်း​ရန် သ​ဘောတူညီခဲ့​ကြသည်။

ထို့​ကြောင့်​ ၂၀၁၀ ပြည့်​နှစ်၊​ ဩဂုတ်လတွင် မတ်၏ သုက်ပိုး​ကို ​ဆေး​ခန်း​တွင် ထုတ်ယူသိမ်း​ဆည်း​ထား​ခဲ့​သည်။ ​နောက်ပိုင်း​ မတ်​သေဆုံး​ပြီး​ အမှုအခင်း​ ဖြစ်ပွား​ချိန်တွင် တရား​ရုံး​က IVFကုထုံး​ကိစ္စကို ဆိုင်း​ငံ့​ထား​ခဲ့​သည်။ သို့​သော်လည်း​ တရား​ရေး​အရ တိုက်ပွဲဝင်ခဲ့​ပြီး​နောက် ဂျိုဆီလင်း​သည် ခင်ပွန်း​ဖြစ်သူ၏ ​သွေး​သား​ရင်း​ချာကို ​မွေး​ဖွား​နိုင်​ရေး​ ကြိုး​ပမ်း​ခွင့်​ရှိပြီး​ ထိုကိစ္စကို တား​ဆီး​ရန် အ​ထောက်အထား​ ခိုင်ခိုင်လုံလုံ မရှိ​ကြောင်း​ စီရင်ချက် ချမှတ်​ပေး​လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here