Apple iPhone 5 ထွက်ရှိလာပါက Screen အခုံး​ဖြစ်ဖွယ်ရှိဟုဆို

alt

Appleကုမ္ပဏီအ​နေနှင့်​ iPhone 5ကို ထုတ်​ဝေပါက Screen Displayကို အခုံး​ပြုလုပ်ဖွယ် ရှိ​နေ​ကြောင်း​ Onlineသတင်း​တစ်ခုက ​ဖော်ပြခဲ့​သည်။

Google၏ Nexus Sကဲ့​သို့​ပင် ဖုန်း​ Displayကို Appleအ​နေနှင့်​ အခုံး​ပုံစံ ​ပြောင်း​လဲလာဖွယ် ရှိ​နေ​ကြောင်း​ DigiTimesက ​ဖော်ပြခဲ့​သည်။ Appleနှင့်​ ဆက်စပ်​နေ​သော ကုမ္ပဏီ လုပ်ငန်း​အချို့​တို့​သည် Displayပုံသွင်း​သည့်​ အခုံး​ပုံသဏ္ဍန် ပုံစံခွက်များ​ကို မှာယူ​နေ​ကြောင်း​ အဆိုပါ သတင်း​ဌာနက ​ဖော်ပြခဲ့​သည်။ Appleသည် Displayပုံသွင်း​ရန် မှန်အခုံး​ဖြတ်စက် ၂၀၀ မှ ၃၀၀ ထိ ဝယ်ယူခဲ့​ကြောင်း​ သတင်း​ များ​ ထွက်​ပေါ်ခဲ့​သည်။

Appleကမူ ထုံး​စံအတိုင်း​ မည်သည့်​မှတ်ချက်မျှ မ​ပေး​သေး​ချေ။ Google၏ Nexus Sသည် Apple၏ iPhoneကို ယှဉ်ပြိုင်မည့်​ ပြိုင်ဖက်​ကောင်း​အဖြစ် ၂၀၁၀ ဒီဇင်ဘာလက ထွက်​ပေါ်လာခဲ့​သည်။ အဆိုပါ ဖုန်း​၏ Displayမျက်နှာပြင်ကို အတွင်း​ဖက်သို့​ဝိုက်ပြီး​ ​ကွေး​ညွတ်ထား​သည်။ အခြား​သော အတည်မပြုနိုင်သည့်​ သတင်း​များ​အရ Appleသည် iPhone 5Gအတွက် တရုတ်ကုမ္ပဏီ ကူကာဆီအလီဘာဘာနှင့်​ ချိတ်ဆက်ထား​ကြောင်း​လည်း​ သိရသည်။

iPhoneအသစ် ထွက်လာပါက Graphicစွမ်း​ဆောင်ရည်၊​ CPUမြန်နှုန်း​နှင့်​ ကင်မရာ အရည်အ​သွေး​တို့​မှာမူ ​သေချာ​ပေါက် ပိုမို​ကောင်း​မွန်လာဖွယ်ရှိသည်။ Appleသည် iPhoneများ​ကို လူကြိုက်များ​လွန်း​သော​ကြောင့်​ ကမ္ဘာ​ပေါ်တွင် မိုဘိုင်း​ဖုန်း​ ​ရောင်း​ချရမှုမှ အမြတ်အစွန်း​ အများ​ဆုံး​ ရရှိ​နေသည့်​ ကုမ္ပဏီအဖြစ် ရပ်တည်နိုင်ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here