တရုတ်နိုင်ငံတွင် တိုင်ဖက်အက ​ခေတ်စား​လာ

alt

တရုတ်နိုင်ငံတွင် တိုင်ဖက်အကသည် တစ်စထက်တစ်စ ​ခေတ်စား​လာ​ကြောင်း​ သိရသည်။

လက်စ်ဗီး​ဂက်စ်ရှိ အ​ဖော်အချွတ် ကလပ်များ​နှင့်​ ခပ်ကြမ်း​ကြမ်း​ ပါတီပွဲများ​တွင် အများ​ဆုံး​တွေရ​သော အကမျိုး​သည် ကြံ့​ခိုင်မှုအတွက် ​ကောင်း​မွန်​သော လှုပ်ရှား​မှုတစ်မျိုး​ ဖြစ်လာခြင်း​ကြောင့်​ တရုတ်တွင် ​ရေပန်း​စား​လာသည်။

ဒန်ဂျန်း​သည် ​ဘေဂျင်း​မြို့​တော်သို့​ မိုင် ၁၇၀၀ ​ကျော် လာ​ရောက်ခဲ့​ပြီး​ ​နေအိမ်တွင် ခင်ပွန်း​နှင့်​ သား​နှစ်ဦး​ကို ချန်ထား​ခဲ့​ရသည်။ သူမ၏ ရည်ရွယ်ချက်သည် တိုင်ဖက်အကကို သင်ယူတတ်​မြောက်ရန်ဖြစ်သည်။ သူမသည် လိုလန်တိုင်ဖက်အက သင်တန်း​ကျောင်း​တွင် ၂ ပတ်ကြာ သင်ယူဆည်း​ပူး​ပြီး​နောက် အလွန်​ကျေနပ်လျက်ရှိသည်။

ထို​ကျောင်း​သည် တရုတ်တွင် ပထမဆုံး​ တိုင်ဖက်အက သင်တန်း​ကျောင်း​ ဖြစ်လာသည်။ ယခုအခါ ဒန်၏ လက်​မောင်း​နှင့်​ ​ခြေ​ထောက်တို့​သည် ပိုမိုကြံ့​ခိုင် ကြမ်း​တမ်း​လာခဲ့​သည်။ သူမသည် ​နောက်ထပ် ​လေး​လမျှ ဆက်လက်သင်ယူရန် ရည်ရွယ်ထား​ပြီး​ ထို့​အတွက် ယွမ်​ငွေ (၁၀၃၀၀)မျှ အကုန်အကျ ခံထား​ပြီး​ဖြစ်သည်။

မိမိတွင် စိတ်ချလက်ချ ထား​နိုင်မည့်​ အရွယ်ရှိ​သော က​လေး​များ​ ရှိ​နေပြီဖြစ်​ကြောင်း​၊​ ယခုအချိန်သည် မိမိအတွက် စိတ်​ကျေနပ်မှု ရှိသည့်​အတိုင်း​ ​နေထိုင်နိုင်မည့်​ ကာလဟု ယူဆ​ကြောင်း​ ဂွီဇူး​မှ စီး​ပွား​ရေး​ လုပ်ငန်း​ရှင် တစ်ဦး​နှင့်​ လက်ထပ်ထား​သည့်​ ဒန်ကဆိုသည်။

သူမက တရုတ်တွင် တိုင်ဖက်အကကို လိုက်စား​မှု ကျယ်ပြန့်​လာခြင်း​ကိုလည်း​ ကြိုဆို​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ဒန်က တိုင်ဖက်အကသည် ဝါသနာအရဖြစ်​စေ၊​ ကိုယ်ကာယ ​လေ့​ကျင့်​ခန်း​ အ​နေနှင့်​ဖြစ်​စေ နှစ်သက်ဖွယ်​ကောင်း​ကြောင်း​ မှတ်ချက်ပြုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here