ဘာလင်မြို့​ရှိ တက္ကသိုလ်​ကျောင်း​သူ​​ကျောင်း​သား​များ​ လိင်အသက်​​မွေး​ဝမ်း​ကြောင်း​မှုအတွက် ပိုစဉ်း​စား​လာ

alt

ဂျာမနီနိုင်ငံ၊​ ဘာလင်မြို့​ရှိ တက္ကသိုလ် ​ကျောင်း​သူ​ကျောင်း​သား​များ​သည် လိင်နှင့်​ပတ်သက်​သော အသက်​မွေး​ဝမ်း​ကြောင်း​မှုအတွက် ပိုမိုစဉ်း​စား​လာ​ကြောင်း​ သိရသည်။

ဂျာမနီ၏ မြို့​တော်တွင် ​နေထိုင်​သော ​ကျောင်း​သား​ကျောင်း​သူများ​သည် ပညာ​ရေး​အတွက် လိုအပ်​သော ​ငွေကို အလွယ်နည်း​ဖြင့်​ရှာရန် အား​သန်လာခြင်း​ဟုဆိုသည်။ ဘာလင် ပညာသင်ကြား​ရေး​ စင်တာက ​လေ့​လာမှုအရ ဘာလင်တွင် ​ကျောင်း​သူ​ကျောင်း​သား​ ၃ ဦး​တိုင်း​ ၁ ဦး​သည် လိင်လုပ်ငန်း​ကို လုပ်ကိုင်ရန် စိတ်ကူး​နေ​ကြောင်း​ သိရသည်။ ဘာလင်တွင် ပြည့်​တန်ဆာ လုပ်ငန်း​ကို တရား​ဝင် လုပ်ကိုင်ခွင့်​ ​ပေး​ထား​ပြီး​ဖြစ်သည်။

ယခု​လေ့​လာ​တွေ့​ရှိ​သော ကိန်း​ဂဏန်း​ ပမာဏသည် ပြင်သစ်တွင် ပြည့်​တန်ဆာ လုပ်ငန်း​နှင့်​ ​ကျောင်း​သူ​ကျောင်း​သား​များ​ ဆက်စပ်မှုထက် ပိုများ​နေသည်။ ​ကျောင်း​သူ​ကျောင်း​သား​များ​ ပညာ​ရေး​အတွက် လိုအပ်​သော​ငွေကို လိင်ဖြင့်​ရှာ​ဖွေရန် စဉ်း​စား​ခြင်း​သည် ပဲရစ်တွင် ၂၉.၂ ရာခိုင်နှုန်း​နှင့်​ ယူကရိန်း​နိုင်ငံ၊​ ကီး​ယက်တွင် ၁၈.၅ ရာခိုင်နှုန်း​ အသီး​သီး​ရှိသည်။ ဘာလင်မှ ​ကျောင်း​သူ​ကျောင်း​သား​ ၃၂၀၀ ကို စစ်တမ်း​ကောက်ခံ ​မေး​မြန်း​ခဲ့​ရာ ၄ ရာခိုင်နှုန်း​က ထိုကိစ္စကို လက်​တွေ့​ဆောင်ရွက်ဖူး​ကြောင်း​ ဝန်ခံခဲ့​သည်။

အချိန်နည်း​နည်း​အတွင်း​ ​ငွေများ​များ​ ရရှိ​စေ​သော ဆွဲ​ဆောင်မှုသည် ​ကျောင်း​သူ​ကျောင်း​သား​များ​ကို ပြည့်​တန်ဆာ လုပ်ငန်း​ဖက်သို့​ ကူး​ပြောင်း​ရန် ​စေ့​ဆော်မှု ဖြစ်​စေသည်ဟု ဘာလင်ဟွမ်း​ဘော့​ တက္ကသိုလ်မှ အီဗာဘလူမန်ရှိန်း​က ​ပြောကြား​ခဲ့​သည်။ လိင်လုပ်ငန်း​တွင် ပါဝင်​နေ​သော ​ကျောင်း​သူ​ကျောင်း​သား​ အား​လုံး​၏ ၃၀ ရာခိုင်နှုန်း​ခန့်​သည် ​ငွေ​ကြေး​အကြပ်အတည်း​များ​ ကြံု​နေရ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here