ဓား​စွမ်း​ပြ ရမ်း​ကား​သည့်​ ဗြိတိန်သား​အား​ ရဲတပ်ဖွဲ့​ဖမ်း​ဆီး​

alt

ဗြိတိန်တွင် ဓား​တရမ်း​ရမ်း​ လုပ်​နေသူ တစ်ဦး​အား​ ရဲများ​က ဖမ်း​ဆီး​လိုက်ရ​ကြောင်း​ သိရသည်။

ရဲအရာရှိ ၃၀ ​ကျော်မျှကို ၂ ​ပေအရှည်ရှိ ဓား​ကြီး​ဝှေ့​ရမ်း​ရင်း​ ခြိမ်း​ခြောက်​နေသူ တစ်ဦး​အား​ ဗီဒီယို ရိုက်ထား​ပြီး​နောက် The Sunသတင်း​ဌာနက ပြသခဲ့​သည်။ ရဲများ​မှာ ​ရော်ဘာတုတ်များ​ကိုသာ ကိုင်​ဆောင်ထား​ခြင်း​ဖြစ်သည်။

၇ မိနစ်ကြာ​အောင် ရမ်း​ကား​ခဲ့​ပြီး​နောက် လမ်း​ပေါ်တွင်ပင် ဓာတ်​ငွေ့​များ​ အသုံး​ပြု ပက်ဖြန်း​ပြီး​ ဓား​ကြိမ်း​ကြိမ်း​နေသူကို ရဲများ​က ဖမ်း​ဆီး​နိုင်ခဲ့​ခြင်း​ဖြစ်သည်။ ​မေလ ၁၆ ရက်​နေ့​က လူအများ​ကို ထိတ်လန့်​တကြား​ ဖြစ်​စေခဲ့​သည့်​ သံသယ တရား​ခံကို ​နောက်ပိုင်း​တွင် နီး​စပ်ရာ လီဝစ်ရှမ် တက္ကသိုလ် ​ဆေး​ရုံသို့​ ပို့​ဆောင်​ပေး​ခဲ့​ရသည်။

၎င်းအား​ အဓိကရုဏ်း​ နှိမ်နင်း​ရေး​ဒိုင်း​များ​ဖြင့်​ ရဲများ​က ဝန်း​ရံညှပ်ပိတ်ပြီး​ ဖမ်း​ခဲ့​ရခြင်း​ဖြစ်သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့​က လူရမ်း​ကား​အား​ ဆက်လက်ထိန်း​သိမ်း​ထား​ကြောင်း​ ​ပြောဆိုခဲ့​သည့်​တိုင် ၎င်း၏ အမည်နှင့်​ ​နေရပ်ကို ​ကြေညာခြင်း​ မရှိ​သေး​သလို မည်သည့်​ပုဒ်မဖြင့်​ စွဲချက်တင်မည်ကိုလည်း​ ရှင်း​ရှင်း​လင်း​လင်း​ မ​ပြောဆို​သေး​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here