ဖမ်း​ဆီး​ထား​သည့်​ နိုင်ငံခြား​သတင်း​ထောက်များ​အား​ လစ်ဗျား​အစိုး​ရ ပြန်လွှတ်

alt

လစ်ဗျား​အစိုး​ရက ဖမ်း​ဆီး​ထား​ရာမှ ပြန်လွှတ်​ပေး​လိုက်သည့်​ နိုင်ငံခြား​ သတင်း​ထောက် ၄ ဦး​မှာ ယခုအခါ လစ်ဗျား​မှ ထွက်ခွာခဲ့​ပြီဖြစ်သည်။

သတင်း​ထောက် နှစ်ဦး​နှင့်​ သတင်း​ဓာတ်ပုံသမား​ နှစ်ဦး​တို့​ ပါဝင်​သော အဖွဲ့​သည် ၆ ပတ်ကြာမျှ အကျဉ်း​ကျခံခဲ့​ရပြီး​နောက် လစ်ဗျား​မှ တူနီး​ရှား​သို့​ ​မေလ ၂၀ ရက်​နေ့​တွင် ​ရောက်ရှိခဲ့​သည်။ ၎င်းတို့​အား​ လစ်ဗျား​အာဏာရှင် မူအမ်မာ ဂဒါဖီကို ​ထောက်ခံ​သော တပ်ဖွဲ့​များ​က ဖမ်း​ဆီး​ထား​ခဲ့​ခြင်း​ဖြစ်သည်။

ဟန်​ဂေရီ သံရုံး​မှ တာဝန်ရှိသူများ​က ယခုသတင်း​သမား​ ၄ ဦး​ကို တူနီး​ရှား​နှင့်​ နယ်စပ်ထိ လိုက်လံပို့​ဆောင်​ပေး​ခဲ့​ကြောင်း​ သတင်း​များ​ကဆိုသည်။ ၎င်းတို့​သည် လွတ်​မြောက်လာပြီး​နောက် ဟန်​ဂေရီ သံရုံး​တွင် တစ်ညတာ တည်း​ခိုခဲ့​သေး​သည်။ ​မေလ ၁၈ ရက်​နေ့​တွင် လစ်ဗျား​အစိုး​ရသည် နိုင်ငံအတွင်း​ တရား​မဝင် ဝင်​ရောက်မှုဖြင့်​ ဖမ်း​ဆီး​ထား​သော သတင်း​ထောက်များ​အား​ ပြန်လွှတ်​ပေး​ကြောင်း​ သတင်း​ကို အတည်ပြု ​ကြေညာခဲ့​သည်။

၎င်းတို့​သည် ထရီပိုလီတွင် အဖမ်း​ခံခဲ့​ရခြင်း​ဖြစ်သည်။ လစ်ဗျား​အစိုး​ရ တာဝန်ရှိသူ တစ်ဦး​က ​မေလ ၁၈ ရက်​နေ့​တွင် သတင်း​ထောက်များ​ ပြန်လွှတ်မည့်​ သတင်း​ကို ​ကြေညာပြီး​နောက် ဂဒါဖီ သစ္စာခံတပ်များ​က ထရီပိုလီ ဟိုတယ်သို့​ ယင်း​တို့​ကို ပို့​ဆောင်​ပေး​ခဲ့​သည်။ ထိုမှတဆင့်​ ဟန်​ဂေရီသံရုံး​သို့​ ​ရွှေ့​ပြောင်း​ခဲ့​ကြခြင်း​ဖြစ်သည်။ ဟန်​ဂေရီသံရုံး​က လွတ်​မြောက်လာသူအား​လုံး​ ကျန်း​မာ​ရေး​ အ​ခြေအ​နေ ​ကောင်း​မွန်​ကြောင်း​လည်း​ အတည်ပြု ​ကြေညာခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here