အာဖဂန်နစ္စတန်တွင် လမ်း​အလုပ်သမား​များ​အား​ တာလီဘန်တို့​က ပစ်သတ်

alt

အာဖဂန်နစ္စတန်တွင် တာလီဘန် အကြမ်း​ဖက်သမား​များ​က လမ်း​အလုပ်သမား​များ​ကို ပစ်သတ်ခဲ့​ကြောင်း​ သိရှိရသည်။

အကြမ်း​ဖက် အဖွဲ့​၏ ချံုခိုတိုက်ခိုက်ကာ ပစ်ခတ်မှုများ​ကြောင့်​ နိုင်ငံအ​ရှေ့​ပိုင်း​တွင် လမ်း​ဖောက်​နေ​သော အလုပ်သမား​ ၃၅ ဦး​ ​သေဆုံး​ပြီး​ ၂၀ ​ကျော် ဒဏ်ရာရရှိခဲ့​သည်။ အ​စောင့်​တပ်များ​၏ တုန့်​ပြန်ပစ်ခတ်မှု​ကြောင့်​ တာလီဘန် ၈ ဦး​သေဆုံး​ခဲ့​ကြောင်း​လည်း​ သတင်း​များ​ကဆိုသည်။ ​မေလ ၁၈ ရက်​နေ့​က ပါကီတာနှင့်​ ခိုး​စ်တို့​ကြား​ ဆက်သွယ်ထား​သော အ​ဝေး​ပြေး​ ကား​လမ်း​တွင် တိုက်ပွဲဖြစ်ပွား​ခဲ့​ခြင်း​ဟု သတင်း​များ​ကဆိုသည်။

ပါကီတာ ပြည်နယ်အုပ်ချုပ်​ရေး​ ဌာနက လမ်း​ဖောက်လုပ်မှုကို တာဝန်ယူ​နေသည့်​ ကုမ္ပဏီကို ပစ်မှတ်ထား​ တိုက်ခိုက်ခဲ့​ခြင်း​ ဖြစ်နိုင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ လမ်း​ဖောက်​နေသည့်​ လုပ်သား​များ​နှင့်​ မနီး​မ​ဝေး​တွင် အ​စောင့်​ကင်း​တဲတစ်ခု ရှိ​နေရာ ချံုခိုတိုက်ခိုက်မှု ဖြစ်ပွား​ပြီး​နောက် အပြန်အလှန် ပစ်ခတ်ခဲ့​ကြခြင်း​ဖြစ်သည်။

မျက်မြင်များ​က တာလီဘန်စစ်သား​ ၁၀၀ ​ကျော်တို့​မျှ ဝင်​ရောက်တိုက်ခိုက်ခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ လမ်း​ဖောက်​နေသည့်​ အလုပ်သမား​ တစ်ဦး​ဖြစ်​သော နိုရူလာဘီဒါက မိမိတို့​အား​ အဘယ်​ကြောင့်​ တိုက်ခိုက်သည်ကို မစဉ်း​စား​တတ်​ကြောင်း​ ငြီး​တွား​ပြောဆိုခဲ့​သည်။

ယခုကိစ္စသည် ​ဖေ​ဖော်ဝါရီလက တာလီဘန်တို့​ ဂျာလာလာဘက်ရှိ ဘဏ်တစ်ခုကို ဝင်​ရောက်တိုက်ခိုက်စဉ် လူ ၄၂ ဦး​ ​သေဆုံး​ခဲ့​သည့်​ ဖြစ်ရပ်​နောက်ပိုင်း​ တာလီဘန်တို့​လက်ချက်​ကြောင့်​ အ​သေအ​ပျောက် အများ​ဆုံး​ ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်း​ဝင်သွား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here