ဖမ်း​ဆီး​ထား​သော သတင်း​ထောက် ၄ ဦး​အား​ ပြန်လွှတ်​ပေး​မည်ဟု လစ်ဗျား​ကြေညာ

alt

တရား​မဝင် နိုင်ငံအတွင်း​ ဝင်​ရောက်မှုဖြင့်​ ဖမ်း​ဆီး​ထား​သည့်​ သတင်း​ထောက် ၄ ဦး​ကို လွှတ်​ပေး​မည်ဟု လစ်ဗျား​အစိုး​ရက ​ကြေညာလိုက်သည်။

​ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခြင်း​ ခံထား​ရ​သော သတင်း​ထောက်များ​ကို ပြန်လွှတ်​ပေး​ရန် စီစဉ်​နေ​ကြောင်း​ လစ်ဗျား​အစိုး​ရ ​ပြော​ရေး​ဆိုခွင့်​ရ ပုဂ္ဂိုလ်တစ်ဦး​က ​မေလ ၁၈ ရက်​နေ့​တွင် ​ပြောကြား​သွား​သည်။ ယခင်က ဖမ်း​ဆီး​ထား​သော သတင်း​ထောက်များ​ကို ​မေလ ၁၇ ရက်​နေ့​နှင့်​ ၁၈ ရက်​နေ့​ တစ်ရက်ရက်တွင် ပြန်လွှတ်မည်ဟု သတင်း​ထွက်ခဲ့​သော်လည်း​ အတန်ငယ် ​နောက်ကျပြီး​မှ ပြန်လွှတ်မည်ဟု အစိုး​ရ ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိ မူဆာအီဘရာဟင်ကဆိုသည်။

ဖမ်း​ဆီး​ခံထား​ရ​သော သတင်း​ထောက်များ​အား​လုံး​ ကျန်း​မာ​ရေး​ အ​ခြေအ​နေ ​ကောင်း​မွန်​ကြောင်း​လည်း​ ၎င်းကဆိုသည်။ ယင်း​သတင်း​ထောက်များ​မှာ အ​မေရိကန်၊​ စပိန်၊​ ဗြိတိန်နှင့်​ တူနီး​ရှား​နိုင်ငံများ​မှဖြစ်ပြီး​ ထရီပိုလီမြို့​တွင် အဖမ်း​ခံရခြင်း​ဖြစ်သည်။ လစ်ဗျား​တွင် အာဏာရှင် မူအမ်မာ ဂဒါဖီ၏ နှစ် ၄၀ ကြာ ဩဇာသက်ကို တွန်း​လှန်ဖြိုဖျက်ရန် လူထုအုံကြွမှုများ​ ပြင်း​ထန်လာပြီး​နောက် နိုင်ငံတကာ သတင်း​ထောက်များ​ ဝင်​ရောက်လာခြင်း​ဖြစ်သည်။

အများ​စုသည် ဗီဇာမပါဘဲ လစ်ဗျား​သို့​ ​ရောက်လာခြင်း​ဖြစ်ပြီး​ အစိုး​ရ ဆန့်​ကျင်​ရေး​ တပ်ဖွဲ့​များ​ အ​ခြေစိုက်ရာ ​ဒေသများ​တွင် မည်သည့်​အခက်အခဲမှ မရှိဘဲ သွား​လာသတင်း​ယူနိုင်သည်။ သို့​သော်လည်း​ ဂဒါဖီ၏ တပ်များ​ကမူ သတင်း​ထောက်များ​အား​ ဖမ်း​ဆီး​စစ်​ဆေး​မှုများ​ ပြုလုပ်​လေ့​ရှိ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here