ချစ်သူ၏ အသက်မပြည့်​သည့်​ တူမနှင့်​ လိင်ဆက်ဆံခဲ့​သော စင်္ကာပူနိုင်ငံသား​အား​ နှစ်ရှည်​ထောင်ဒဏ်ချမှတ်

alt

ချစ်သူ၏ အသက်မပြည့်​သေး​သော တူမနှင့်​ လိင်ဆက်ဆံခဲ့​ခြင်း​အတွက် အသက် ၅၁ နှစ်အရွယ် စင်္ကာပူ နိုင်ငံသား​တစ်ဦး​ နှစ်ရှည်​ထောင်ဒဏ် ချမှတ်ခြင်း​ ခံခဲ့​ရ​ကြောင်း​ သိရသည်။

၂၀၀၈ ခုနှစ် မတ်လနှင့်​ ၂၀၀၉ ခုနှစ် ဇူလိုင်လများ​တွင် အဆိုပါ မိန်း​က​လေး​နှင့်​ လိင်ပိုင်း​ဆိုင်ရာ ယှက်နွယ်မှု ရှိခဲ့​သည့်​အတွက် သန့်​ရှင်း​ရေး​ လုပ်သား​ဖြစ်​သော အဆိုပါ အမျိုး​သား​ကို ​မေလ ၁၉ ရက်​နေ့​က ​ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့​ခြင်း​ဖြစ်သည်။

၎င်းသည် မိန်း​က​လေး​နှင့်​ ပထမဆုံး​အကြိမ် လိင်ဆက်ဆံစဉ် မိန်း​က​လေး​မှာ အသက် ၁၃ နှစ်သာ ရှိ​သေး​သည်ဟုဆိုသည်။ ၎င်းသည် အသက်မပြည့်​သေး​သူနှင့်​ လိင်ဆက်ဆံခြင်း​အတွက် မုဒိမ်း​မှု​မြောက်​ကြောင်း​ စွဲချက်နှစ်ခု၊​ အသက်မပြည့်​သေး​သူကို ပါး​စပ်ဖြင့်​ လိင်​ဖျော်​ဖြေ​စေသည့်​ စွဲချက်တစ်ခုတို့​ကြောင့်​ ပြစ်မှုထင်ရှား​ကြောင်း​ ​ဖော်ထုတ်​တွေ့​ရှိခဲ့​သည်။

အဆိုပါ အမျိုး​သား​သည် အိမ်​ထောင်သုံး​ဆက်အတွင်း​ က​လေး​ ခုနစ်ဦး​ထိ ရှိခဲ့​သည်။ မိန်း​က​လေး​၏ အ​ဒေါ်နှင့်​ ၂၀၀၆ ခုနှစ်က စတင်​တွေ့​ရှိခဲ့​ပြီး​နောက် သူမ၏ တိုက်ခန်း​သို့​ ​ပြောင်း​ရွှေ့​လာခဲ့​သည်။ ၂၀၀၉ ခုနှစ် ဧပြီလတွင် ထိုမိန်း​က​လေး​လည်း​ တိုက်ခန်း​သို့​ ​ရောက်ရှိလာခဲ့​သည်။ သူမသည် ထိုအမျိုး​သား​ကို ဦး​လေး​အဖြစ်သာ သ​ဘောထား​ ဆက်ဆံခဲ့​ခြင်း​ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here