Playboy ၏ ၅၇ နှစ်တာ ထုတ်​ဝေခဲ့​ဖူး​သမျှ မဂ္ဂဇင်း​များ​အား​ Online တွင် လွှင့်​တင်

alt

Playboy မဂ္ဂဇင်း​ကြီး​သည် စတင်ထုတ်​ဝေခဲ့​ချိန်မှစ၍ ၅၇ နှစ်တာ ကာလတ​လျှောက် ထုတ်​ဝေခဲ့​ဖူး​သမျှ မဂ္ဂဇင်း​ဟောင်း​တိုင်း​ကို Onlineတွင် လွှင့်​တင်​ပေး​လိုက်​ကြောင်း​ သိရှိရသည်။

i.playboy.com ဟူ၍ အမည်​ပေး​ထား​သော ဝက်စာမျက်နှာကို ​မေလ ၁၉ ရက်​နေ့​က လွှင့်​တင်ခဲ့​ရာ စုစု​ပေါင်း​ ၆၈၂ အုပ်​သော စာအုပ်​ဟောင်း​များ​ အား​လုံး​ကို လွှင့်​တင်​ပေး​ထား​သည်။ Playboy ပရိသတ်များ​အ​နေနှင့်​ စာအုပ်တိုင်း​မှ စာမျက်နှာတိုင်း​ကို အလွယ်တကူ ကြည့်​ရှုနိုင်မည်ဖြစ်သည်။ မာရီလင်မွန်ရိုး​အား​ မျက်နှာဖုံး​တင် ​ဖော်ပြခဲ့​သည့်​ ပထမဆုံး​ မဂ္ဂဇင်း​ စာအုပ်မှစပြီး​ ​နောက်ဆုံး​ထုတ်ထိကို အင်တာနက်မှတဆင့်​ ကြည့်​ရှုနိုင်​ကြောင်း​ Playboy၏ မှတ်တမ်း​ဌာန အကြီး​အကဲ ဂျင်မီဂျီလီနက်က ​ပြောကြား​ခဲ့​သည်။

ချီကာဂိုအ​ခြေစိုက် မဂ္ဂဇင်း​ကြီး​သည် တစ်စထက်တစ်စ အ​ရောင်း​ကျဆင်း​လာခဲ့​ရာ ၂၀၀၆ ခုနှစ်က အုပ်​ရေ ၃.၁၅ သန်း​ ​ရောင်း​ချနိုင်ခဲ့​သော်လည်း​ ယ​နေ့​ခေတ်တွင် ပျမ်း​မျှအုပ်​ရေ ၁.၅ သန်း​မျှသာ ​ရောင်း​ကုန်​တော့​သည်။

ထို့​ကြောင့်​လည်း​ နည်း​ပညာ ကဏ္ဍနှင့်​ ချိတ်ဆက်ကာ ပရိသတ်များ​၏ အာရုံကို ဆွဲ​ဆောင်ရန် မျိုး​စုံကြိုး​စား​လာခဲ့​သည်။ ယခင်က ထုတ်​ဝေခဲ့​သည့်​ တစ်ကြိမ်တွင် Playboyမှ ကိုယ်ဟန်ပြမယ် တစ်ဦး​၏ပုံကို 3Dဖြင့်​ ပြသ​ပေး​ထား​ပြီး​ 3Dမျက်မှန်ပါ လက်​ဆောင်ထည့်​သွင်း​မှု ပြုလုပ်​ပေး​ခဲ့​ကြောင်း​ သိရသည်။

Playboyသည် ယခုကဲ့​သို့​ စာအုပ်အား​လုံး​ကို Onlineမှ တိုက်ရိုက်ကြည့်​ရှုခွင့်​ ဝန်​ဆောင်မှုကို စီစဉ်​ပေး​ခဲ့​ခြင်း​အတွက် တစ်လလျင် ၈ ​ဒေါ်လာ၊​ တစ်နှစ်လျင် ​ဒေါ်လာ ၆၀ ​ကောက်ခံသွား​မည်ဖြစ်​ကြောင်း​လည်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here