အ​မေရိကန်နှင့်​ စစ်အင်အား​ယှဉ်ပြိုင်ရန် အစီအစဉ်မရှိဟု တရုတ်စစ်ဖက်​ပြောကြား​

alt

တရုတ်နိုင်ငံအ​နေနှင့်​ အ​မေရိကန်၏ စစ်အင်အား​ကို ယှဉ်ပြိုင်ရန် အစီအစဉ် မရှိ​ကြောင်း​ တရုတ်ထိပ်တန်း​ စစ်ဖက်အာဏာပိုင် တစ်ဦး​က ​ပြောကြား​လိုက်သည်။

တရုတ်ဗိုလ်ချုပ် ချန်ဘင်ဒီက ဝါရှင်တန်တွင် မိမိတို့​နိုင်ငံအ​နေနှင့်​ စစ်လက်နက် တိုး​ချဲ့​ရေး​တွင် အ​မေရိကန်ကို ယှဉ်ပြိုင်ရန် ဆန္ဒမရှိ​ကြောင်း​၊​ တရုတ်၏ စစ်အင်အား​သည် အ​မေရိကန်ထက် များ​စွာနိမ့်​ကျ​နေဆဲဖြစ်​ကြောင်း​ ​ပြောဆိုသွား​သည်။ သို့​သော်လည်း​ တရုတ်သည် ပြီး​ခဲ့​သော နှစ်ပိုင်း​များ​အတွင်း​ စစ်အင်အား​နှင့်​ စစ်လက်နက် နည်း​ပညာကို အရှိန်အဟုန်ပြင်း​ပြင်း​ မြှင့်​တင်လာခဲ့​သည်။

ဗိုလ်ချုပ်ချန်က အ​မေရိကန်နှင့်​ စစ်လက်နက် ပြိုင်ဆိုင်ရန် စိတ်ကူး​မရှိ​သော်လည်း​ ထိုင်ဝမ်ကျွန်း​ကို အ​မေရိကန်က လက်နက်​ရောင်း​ချ​နေခြင်း​သည် တရုတ်နှင့်​ အ​မေရိကန် စစ်တပ်များ​အကြား​ ဆက်ဆံ​ရေး​ကို ထိခိုက်​စေနိုင်​ကြောင်း​ သတိ​ပေး​ခဲ့​သည်။ အ​မေရိကန်၏ မဟာမိတ်ဖြစ်​သော ထိုင်ဝမ်ကို တရုတ်က မိမိတို့​ လက်​အောက်ခံအဖြစ် သတ်မှတ်ထား​ပြီး​ တစ်ချိန်ချိန်တွင် ပြန်လည်​ပေါင်း​စည်း​မည်ဟု ​ကြွေး​ကြော်ထား​သည်။

ယမန်နှစ်က အ​မေရိကန်သည် ထိုင်ဝမ်သို့​ ​ဒေါ်လာ ၆ ဘီလျံ​ကျော်ဖိုး​ လက်နက်များ​ ​ရောင်း​ချခဲ့​ကြောင်း​ ​ကြေညာပြီး​ချိန်တွင် တရုတ်သည် အ​မေရိကန်နှင့်​ စစ်ဖက်ဆိုင်ရာ အဖွဲ့​အစည်း​ချင်း​ တိုက်ရိုက်ဆက်ဆံမှုကို ဖြတ်​တောက်​လျှော့​ချခဲ့​သည်။ ချန်က တရုတ်၏ စစ်အင်အား​ ချဲ့​ထွင်မှုသည် သင့်​တင့်​မျှတရုံသာဖြစ်​ကြောင်း​ ​ပြောဆိုခဲ့​သည်။

သို့​သော်လည်း​ အ​မေရိကန်က တရုတ်သည် တာ​ဝေး​ပစ် ဒုံး​လက်နက်များ​ကို အာရုံစိုက် တိုး​မြှင့်​နေခြင်း​ကြောင့်​ အ​မေရိကန် ​ရေတပ်၏ ပစိဖိတ်​ဒေသ လွှမ်း​မိုး​မှုအ​ပေါ် ခြိမ်း​ခြောက်လာနိုင်​ကြောင်း​ အ​မေရိကန်စစ်ဖက်က သုံး​သပ်ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here