နား​ရွက်အတွင်း​ ပုရွက်ဆိတ်များ​ အသိုက်လုပ်​​နေထိုင်ခဲ့​သဖြင့်​ ဒုက္ခ​တွေ့​ရသည့်​ ထိုင်ဝမ်မိန်း​က​လေး​

alt

ထိုင်ဝမ်မှ မိန်း​က​လေး​ငယ် တစ်ဦး​သည် ၎င်း၏ နား​ရွက်များ​အတွင်း​ ပုရွက်ဆိတ်များ​က အသိုက်လုပ် ​နေထိုင်ခဲ့​ခြင်း​ကြောင့်​ ဒုက္ခများ​နေ​ကြောင်း​ သိရသည်။

အသက် ၁၆ နှစ်ရှိပြီဖြစ်သည့်​ မိန်း​က​လေး​သည် နား​အတွင်း​ မခံမရပ်နိုင်​အောင် ကိုက်ခဲမှု​ကြောင့်​ ​ဆေး​ခန်း​သွား​ပြရာမှ ထိတ်လန့်​အံ့​ဩဖွယ် အဆိုပါ ဖြစ်ရပ်ကို ​ဖော်ထုတ်လာနိုင်ခြင်း​ဖြစ်သည်။ ထိုင်​ပေမြို့​တွင် ​နေထိုင်​သော မိန်း​က​လေး​ကို ထိုင်​ပေမြို့​တော် ​ဆေး​ရုံရှိ နား​၊​ နှာ​ခေါင်း​၊​ လည်​ချောင်း​ အထူး​ကု ​ဒေါက်တာဟန်ယွန်ဆန်း​က လက်ခံကုသ​ပေး​ခဲ့​သည်။

သူမ၏ ညာဖက်နား​ထဲတွင် ပုရွက်ဆိတ် အ​ကောင် ၂၀ မျှကို ​တွေ့​ခဲ့​ရပြီး​ ဘယ်ဖက်နား​တွင်လည်း​ ​ကောင်​ရေအနည်း​ငယ် ​တွေ့​ခဲ့​ရ​ကြောင်း​ ​ဒေါက်တာဟန်ကဆိုသည်။ မိန်း​က​လေး​က သူမ၏ နား​ထဲတွင် ပုရွက်ဆိတ်အချို့​ ​တွေ့​ခဲ့​ဖူး​သော်လည်း​ အမှတ်မထင်ပင် ရှိ​နေခဲ့​ကြောင်း​ ဝန်ခံခဲ့​သည်။

သူမ၏ နား​များ​သည် နီရဲ​ရောင်ရမ်း​နေပြီး​ အ​ခြေအ​နေ အ​တော်ဆိုး​နေခဲ့​သော်လည်း​ ကုသချိန် ​စောခဲ့​သဖြင့်​ သူမ၏ နား​စည်များ​ မပျက်စီး​အောင် ကာကွယ်နိုင်ခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here