တူရကီတွင် အင်အား​အသင့်​အတင့်​ရှိ ငလျင်လှုပ်ခတ်

alt

​မေလ ၂၀ ရက်​နေ့​က တူရကီတွင် အင်အား​အသင့်​အတင့်​ ငလျင်တစ်ခု လှုပ်ခတ်ခဲ့​ကြောင်း​ သိရှိရသည်။

ပြင်း​အား​အဆင့်​ ၅.၈ ရှိ​သော ငလျင်​ကြောင့်​ တူရကီအ​နောက်ပိုင်း​တွင် အ​ဆောက်အအုံ အ​တော်များ​များ​ တုန်ခါခဲ့​သည်။ အီစတန်ဘူ မြို့​တော်တွင် အ​ဆောက်အအုံတစ်လုံး​ ပြိုကျခဲ့​ကြောင်း​ အာဏာပိုင်များ​ကဆိုသည်။

ငလျင်နှင့်​ ဆက်စပ်ပြီး​ လူ ၂ ဦး​ ​သေဆုံး​သော်လည်း​ ထိခိုက်ဒဏ်ရာရမှု​ကြောင့်​ မဟုတ်ဟုဆိုသည်။ နှစ်ဦး​လုံး​သည် ငလျင်လှုပ်ချိန်တွင် အလွန်ထိတ်လန့်​ပြီး​ နှလုံး​ဖောက်ပြန် ​သေဆုံး​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ သိရှိရသည်။

ထို့​အပြင် ငလျင်လှုပ်ချိန်တွင် ပြူတင်း​ပေါက်မှ ထိတ်လန့်​တကြား​ ခုန်ချရာမှ တစ်ဦး​သေဆုံး​ကြောင်း​လည်း​ သတင်း​များ​ကဆိုသည်။ အ​မေရိကန် ငလျင်တိုင်း​တာ​ရေး​ ဌာနက ငလျင်ပြင်း​အား​ကို ၅.၈ ဟု အတည်ပြု ​ဖော်ပြခဲ့​သည်။ ငလျင်​ကြောင့်​ ကူတာယာ တက္ကသိုလ် အ​ဆောက်အအုံတစ်ခု ပြိုကျခဲ့​သည်။

ထိုအချိန်တွင် အ​ဆောက်အအုံအတွင်း​ လူမရှိဟုလည်း​ သိရသည်။ ငလျင်​ကြောင့်​ ကူတာယာတွင် ဖုန်း​လိုင်း​နှင့်​ မီး​များ​ပြတ်​တောက်ခဲ့​ကြောင်း​လည်း​ သတင်း​များ​ကဆိုသည်။ တူရကီတွင် အင်အား​ပြင်း​ပြင်း​ ငလျင်များ​ လှုပ်ခတ်မှုမှာ ဖြစ်ခဲ​သော ကိစ္စမျိုး​ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here