NATO ​လေ​ကြောင်း​တိုက်ခိုက်မှု​ကြောင့်​ လစ်ဗျား​အာဏာရှင် ဂဒါဖီ၏ စစ်သ​င်္ဘောများ​ပျက်စီး​

alt

လစ်ဗျား​နိုင်ငံတွင် NATOစစ်မဟာမိတ် ​လေယာဉ်များ​က ဗုံး​ကြဲတိုက်ခိုက်မှု​ကြောင့်​ လစ်ဗျား​အာဏာရှင် မူအမ်မာ ဂဒါဖီ၏ ​ရေတပ်မှ စစ်သ​င်္ဘော ၈ စင်း​ ထိခိုက်ပျက်စီး​ခဲ့​ကြောင်း​ သိရသည်။

NATO​လေတပ်သည် ​မေလ ၁၉ ရက်​နေ့​ ညပိုင်း​က ထရီပိုလီ၊​ အယ်ခွမ်နှင့်​ ဆာတီမြို့​များ​တွင် ​လေ​ကြောင်း​မှ တိုက်ခိုက်ခဲ့​ခြင်း​ဖြစ်သည်။ NATOမှ တာဝန်ရှိသူ တစ်ဦး​က ဂဒါဖီသည် ​ရေတပ်ကို အသုံး​ပြု၍ လစ်ဗျား​ပြည်သူများ​ကို အပြင်း​အထန် ဖိနှိပ်​နေမှုများ​ကြောင့်​ ယခုလို ထိုး​စစ်ဆင်ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​ဖော်ပြသွား​သည်။

ဂဒါဖီကို လိုလား​သော ​ရေတပ်သည် ဆန္ဒပြ ပြည်သူများ​ စုဖွဲ့​ထား​သည့်​ အတိုက်အခံ တပ်ဖွဲ့​များ​ကို ပစ်ခတ်တိုက်ခိုက်မှုများ​ ပြုလုပ်​နေသည်ဟု သိရသည်။ ​မေလ ၂၀ ရက်​နေ့​ နံနက်ပိုင်း​တွင် လစ်ဗျား​ရေတပ်က စစ်သ​င်္ဘောများ​ ထိခိုက်မှု သတင်း​ကို အတည်ပြုခဲ့​သည်။ ထရီပိုလီ ဆိပ်ကမ်း​မှ တာဝန်ခံ တစ်ဦး​က NATO​လေယာဉ်များ​၏ ပစ်ခတ်မှုအတွင်း​ ကမ်း​ခြေ​စောင့်​ ​ရေယာဉ်များ​ပါ ပျက်စီး​ခဲ့​ကြောင်း​ ​ပြောကြား​သွား​သည်။

လစ်ဗျား​အစိုး​ရသည် ​ရေတပ်တွင် ထိခိုက်ပျက်စီး​မှု​ကြောင့်​ ​သေ​ကြေဒဏ်ရာရမှု ရှိမရှိကို တိတိကျကျ မ​ကြေညာ​သေး​ချေ။ အခြား​သော သတင်း​များ​အရ လစ်ဗျား​အစိုး​ရသည် ​တော်လှန်​ရေး​ တပ်ဖွဲ့​များ​က ၎င်းတို့​ သိမ်း​ပိုက်ထား​သည့်​ မြို့​များ​မှ ဆုတ်ခွာလျင် မိမိတို့​ တပ်များ​လည်း​ မြို့​ကြီး​များ​အတွင်း​မှ ဆုတ်ခွာ​ပေး​မည်ဟု ကမ်း​လှမ်း​မှုတစ်ခု ပြုလုပ်ထား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here