Passion Play မှ မီဂန်​ဖော့​စ်၏အလှအား​ သတင်း​များ​တွင် အသား​ပေး​ဖော်ပြ

alt

Passion Playဇာတ်ကား​တွင် ပါဝင်သရုပ်​ဆောင်ခဲ့​သည့်​ မီဂန်​ဖော့​စ်၏ အလှအပနှင့်​ ပတ်သက်၍ သတင်း​များ​က အသား​ပေး​ ​ဖော်ပြလျက်ရှိသည်။

Transformers မင်း​သမီး​ဟောင်း​သည် Passion Playတွင် လူတစ်ပိုင်း​၊​ ငှက်တစ်ပိုင်း​ မိန်း​မလှ တစ်ဦး​အသွင် ပါဝင်ထား​ပြီး​ သူမ၏ ဝတ်လစ်စား​လစ် ခန္ဓာကိုယ်အလှကို အပြည့်​အဝ ​ဖော်ပြလုနီး​နီး​ သရုပ်​ဆောင်ထား​ခဲ့​သည်။ သူမသည် ထိုဇာတ်ကား​တွင် လီလီဆို​သော အ​တောင်ပံများ​နှင့်​ အမျိုး​သမီး​အဖြစ် နတ်မိမယ် တစ်ဦး​သဖွယ် သရုပ်​ဆောင်ခဲ့​ခြင်း​ဖြစ်သည်။

ထိုဇာတ်ကား​တွင် ​ဖော့​စ်နှင့်​အတူ ​အော်စကာ တစ်ကြိုစာရင်း​ဝင်ခဲ့​သည့်​ မင်း​သား​ မိုက်ကယ်​ရော့​ကွေး​လည်း​ ပါဝင်ခဲ့​သည်။ Passion Playကို DVDအ​နေနှင့်​ ဖြန့်​ဖြူး​ရောင်း​ချခဲ့​ခြင်း​ဖြစ်သည်။ ထိုဇာတ်ကား​ထဲတွင် ​ဖော့​စ်သည် အ​ ပေါ်ပိုင်း​ ဗလာကျင်း​လျက် အဖြူ​ရောင် အတွင်း​ခံ ​ဘောင်း​ဘီနှင့်​ ​ဒေါက်ဖိနပ် အမြင့်​တို့​ကိုသာ ဝတ်ဆင်ပြီး​ သရုပ်​ဆောင်ခဲ့​သည်။

သူမသည် ရင်သား​များ​ကို လက်ဖြင့်​သာ ဖုံး​ကွယ်ထား​ခြင်း​ ဖြစ်သည်။ ​ဝေဖန်သူများ​က ယင်း​ဇာတ်ကား​တွင် ​ဖော့​စ်၏ ပါဝင်မှုနှင့်​ ပတ်သက်၍ အမျိုး​မျိုး​ မှတ်ချက်ပြုခဲ့​ပြီး​ အချို့​က သူမ၏ ဆွဲ​ဆောင်မှုရှိ​သော ပုံရိပ်ကို ချီး​ကျူး​ခဲ့​သလို အချို့​ကလည်း​ ထိုဇာတ်ကား​သည် ဘာသာ​ရေး​ဆိုင်ရာ အမြင်ကွဲလွဲမှုများ​ကို ဖြစ်လာ​စေနိုင်​ကြောင်း​ ​ပြောဆိုခဲ့​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here