တိုက်​ပေါ်မှ ခုန်ချသတ်​သေရန် ကြံစည်သည့်​ သတို့​သမီး​အား​ အသည်း​အသန်ကယ်တင်ခဲ့​ရ

alt

လက်ထပ်ခါနီး​ သတို့​သမီး​တစ်ဦး​သည် ရုတ်တရက် သစ်စိမ်း​ချိုး​ချိုး​မှု ခံရပြီး​နောက် မိမိကိုယ်ကိုယ် သတ်​သေရန် ကြိုး​ပမ်း​ခဲ့​ကြောင်း​ သိရသည်။

တရုတ်နိုင်ငံမှ အသက် ၂၂ နှစ်အရွယ် မိန်း​က​လေး​သည် လက်ထပ်ပွဲအတွက် ပြင်ဆင်လျက်ရှိ​နေချိန်တွင် သူမ၏ သတို့​သား​လောင်း​က ၄ နှစ်ကြာခဲ့​သည့်​ ဆက်ဆံ​ရေး​ကို ဖြတ်​တောက်ရန် ​ပြောဆိုခဲ့​ရာ သူမငှား​ထား​သည့်​ တိုက်​ပေါ်မှ ခုန်ချပြီး​ ​သေ​ကြောင်း​ကြံရန် ကြိုး​ပမ်း​ခဲ့​ခြင်း​ဖြစ်သည်။ ​မေလ ၁၇ ရက်​နေ့​က ဂျီလင်း​ရှိ ချန်ချန်း​တွင် ​နေထိုင်​သော မိန်း​က​လေး​သည် လက်​ကောက်ဝတ်များ​ကို လှီး​ဖြတ်ကာ တိုက်ပြူတင်း​ပေါက်တွင် ထွက်ထိုင်​နေခဲ့​သည်။

သို့​သော် ​နောက်ပိုင်း​တွင် ​သွေး​တိတ်သွား​ခဲ့​သည်။ ထိုအချိန်တွင် လမ်း​သွား​လမ်း​လာများ​က လက်ထပ်ဝတ်စုံနှင့်​ ​သွေး​ရူး​သွေး​တန်း​ ဖြစ်​နေ​သော တိုက်​ပေါ်မှ မိန်း​က​လေး​ကို စတင်သတိပြုမိလာသည်။ မိနစ်အနည်း​ငယ် အကြာတွင် သူမသည် စူး​စူး​ဝါး​ဝါး​ ​အော်ဟစ်ကာ ပိုက်ဆံအိတ်နှင့်​ ဆဲဖုန်း​တို့​ကို လမ်း​ပေါ်ပစ်ချခဲ့​သည်။ လမ်း​သွား​လမ်း​လာများ​က အ​ကြောင်း​ကြား​ပြီး​နောက် ရဲနှင့်​မီး​သတ်များ​ ​ရောက်လာခဲ့​သည်။ ထိုအချိန်တွင် မိန်း​က​လေး​မှာ တိုက်အစွန်း​တွင် ရပ်လျက်ရှိသည်။ ​

နောက်ဆုံး​တွင် ​ဒေသဆိုင်ရာ ရဲတပ်ဖွဲ့​မှ အကြီး​အကဲ ဂွီဇွန်ဖန်း​က မိန်း​က​လေး​အား​ မိနစ် ၄၀ ကာ နား​ချပြီး​နောက် ​အောင်မြင်စွာ ကယ်တင်နိုင်ခဲ့​သည်။ ထိုအချိန်တွင် မိန်း​က​လေး​၏ အ​ဒေါ်နှင့်​ မိခင်တို့​ပါ ​ရောက်ရှိ​နေပြီဖြစ်သည်။ ဂွီအ​နေနှင့်​ မိန်း​က​လေး​ထံ ချဉ်း​ကပ်သွား​စဉ် သူမသည် ရုတ်တရက် ခုန်ချလိုက်​သော်လည်း​ လက်မြန်​သောဂွီက သူမ၏ လည်ကုပ်ကို လှမ်း​ဆွဲထား​ပြီး​ ကယ်တင်နိုင်ခဲ့​သည်။

မိန်း​က​လေး​အား​ ဂွီက ​အောင်မြင်စွာ ကယ်တင်နိုင်ခဲ့​ချိန်တွင် ရင်တထိတ်ထိတ် ​စောင့်​ကြည့်​နေ​သော လမ်း​သွား​လမ်း​လာများ​က ၎င်း၏ ရဲစွမ်း​သတ္တိနှင့်​ ဖျတ်လတ်မှုကို လက်ခုပ်တီး​ ဂုဏ်ပြုခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here