Amazon မှ ​ရောင်း​ချသည့်​ eBook ပမာဏမှာ ပုံနှိပ်စာအုပ်များ​ထက် ပိုမိုများ​ပြား​

alt

Amazon.comက ၎င်းတို့​ ​ရောင်း​ချ​နေသည့်​ eBook ပမာဏသည် ပုံနှိပ်စာအုပ်များ​ထက် ပိုမိုပမာဏများ​ပြား​စွာ ​ရောင်း​ချနိုင်ခဲ့​ကြောင်း​ ​ကြေညာခဲ့​သည်။

eBookများ​ စတင်​ရောင်း​ချ​ နေသည်မှာ ၄ နှစ်ရှိခဲ့​ပြီး​နောက် ဧပြီလ ၁ ရက်​နေ့​မှစပြီး​ eBook​ရောင်း​အား​က ပုံနှိပ်စာအုပ် ​ရောင်း​အား​ကို ​ကျော်တက်လာခြင်း​ဟု Amazonကဆိုသည်။ ကုန်စည်​ရောင်း​ချ​ရေး​ ဝန်​ ဆောင်မှု ဝက်ဆိုက်က စာအုပ် ၁၀၀ ​ရောင်း​ထွက်တိုင်း​ eBook ၁၀၅ အုပ် ​ရောင်း​နေရ​ကြောင်း​ ​ကြေညာခဲ့​သည်။

Amzonသည် eBookများ​ ​ရောင်း​ချမှုကို အင်တိုက်အား​တိုက် လုပ်​ ဆောင်ပြီး​ ​အောင်မြင်မှုများ​ ရရှိလာခဲ့​သည်။ အ​မေရိကန်တွင် ​ရောင်း​ချ​နေသည့်​ eBook စုစု​ပေါင်း​၏ ၃ ပုံ ၂ ပုံခန့်​သည် Amazonမှဖြစ်​ကြောင်း​ ​လေ့​လာသူများ​ကဆိုသည်။

Amazonက ၎င်းတို့​၏ ​နောက်ဆုံး​ထုတ် eBookဖတ်စက်မှာလည်း​ ​ရောင်း​အား​ကောင်း​နေ​ကြောင်း​ ​ကြေညာသည်။ အဆိုပါစက်မှာ ​ဒေါ်လာ ၁၁၄ သာ ကျသင့်​ရာ Amazonထုတ် eBookဖတ်စက်များ​ တွင် ​ဈေး​အသက်သာဆုံး​ အမျိုး​အစား​လည်း​ ဖြစ်လာ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here