၂ နှစ်အရွယ်က​လေး​ငယ်ကို eBay မှတဆင့်​ ​လေလံတင်​ရောင်း​ချ

alt

အ​မေရိကန်နိုင်ငံမှ အမျိုး​သမီး​ တစ်ဦး​သည် ၂ နှစ်အရွယ် က​လေး​ငယ် တစ်ဦး​ကို eBayဝက်ဆိုက်မှ တဆင့်​ ​လေလံတင် ​ရောင်း​ချခဲ့​ကြောင်း​ သိရသည်။

မစ်ချီဂန်မှ အမျိုး​သမီး​သည် ​ ဆွေမျိုး​တော်စပ်သူ က​လေး​မ​လေး​ တစ်ဦး​အား​ ​လေလံတင်ခဲ့​ပြီး​နောက် အမျိုး​သား​တစ်ဦး​က ​ဈေး​ဆစ်ကမ်း​လှမ်း​မှုကိုပင် လက်ခံထား​ပြီး​ဖြစ်​ကြောင်း​ ရဲများ​ကဆိုသည်။ ​အော့​တဝါ​ဒေသရှိ အမျိုး​သမီး​သည် အဆိုပါ က​လေး​မ​လေး​အား​ ထိန်း​သိမ်း​ရသူဖြစ်သည်။ ယခုကိစ္စ ​ပေါ်​ပေါက်လာပြီး​နောက် မိန်း​က​လေး​အား​ မိခင်ဖြစ်သူက ပြန်လည်အုပ်ထိန်း​ခဲ့​သည်။

အသက် ၁၉ နှစ်ရှိ ​အော်တန်ဘရာဒန်အား​ ယခု​လေလံတင်မှုအတွက် ရဲများ​က ​ခေါ်ယူစစ်​ဆေး​ခဲ့​သည်။ ​အော်တန်က သူမသည် eBay၏ အကျိုး​သက်​ရောက်မှုကို သိလို၍ စမ်း​ကြည့်​ခြင်း​သာဖြစ်​ကြောင်း​ ကာကွယ်​ပြောကြား​ခဲ့​သည်။ ​အော့​တဝါ ရဲတပ်ဖွဲ့​မှ ရဲအုပ်မတ်ဘန်း​နက်က ရဲများ​သည် eBayတွင် လွှင့်​တင်ထား​သော ​ရောင်း​ကုန်အတွက် ​မေလ ၁၆ ရက်​နေ့​က ဖုန်း​ခေါ်ဆိုမှုအတွက် ချက်ချင်း​အ​ရေး​ယူ ​ဆောင်ရွက်ခဲ့​ကြောင်း​ ​ပြောဆိုသွား​သည်။

ဘန်း​နက်က ကမ်း​လှမ်း​မှုကို ပြုလုပ်​သော အမျိုး​သား​သည် ထိုကိစ္စကို ​နောက်​ပြောင်မှုဟုသာ ယူဆခဲ့​သော်လည်း​ တစ်ဖက်က အမှန်တကယ် လက်ခံလိုက်ချိန်တွင် ရဲတပ်ဖွဲ့​ထံ အထိတ်တလန့်​ တိုင်ကြား​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ရှင်း​လင်း​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here