စင်္ကာပူတွင် အလုပ်လုပ်သည့် အင်ဒိုနီးရှားအိမ်ဖော်တစ်ဦး၏ အလောင်းအား ရှာဖွေတွေ့ရှိ

alt

စင်္ကာပူတွင် အလုပ်လာလုပ်နေသော အင်ဒိုနီးရှား အိမ်ဖော်အမျိုးသမီး၏ အလောင်းကို ရေလှောင်ကန် တစ်ခုအတွင်း ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

၀ုဒ်လန်းရှိ တိုက်ခေါင်မိုး တစ်ခုပေါ် တင်ထားသော ရေလှောင်ကန်အတွင်း အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုရေလှောင်ကန်သည် အနီးရှိ လူ ရ၀၀ ကျော်တို့အတွက် သောက်ရေဖြန့်ဖြူးပေးလျက်ရှိသည်။ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့သော အဆိုပါ အလောင်းတည်ရှိရာ ရေလှောင်ကန်တွင် သွေးစများ စွန်းထင်းနေသည်ကို သတိပြုမိရာမှ ဆက်စပ်ဖော်ထုတ်လာနိုင်ခြင်းဟု ရဲများကဆိုသည်။

တရုတ်သတင်းစာ လင်ဟီဝမ်ဘိုက အသက် ၂၀ အရွယ်ရှိပြီး အင်ဒိုနီးရှားမှ အိမ်ဖော်အဖြစ် စင်္ကာပူတွင် လုပ်ကိုင်နေသော မိန်းကလေးငယ် တစ်ဦး အသတ်ခံရခြင်းဟု ဖော်ပြခဲ့သည်။ မိန်းကလေး၏ အမည်ကို ရဲများက တိတိကျကျ မပြောဆိုခဲ့ချေ။

သူမသည် အဖြူရောင်တီရှပ်နှင့် ဒူးထိရှည်သော ဘောင်းဘီတိုကို ဝတ်ဆင်ထားသည်။ သူမ၏ အလောင်းတည်ရှိရာ ရေလှောင်ကန်မှ ရေကို နေအိမ်ပေါင်း ၁၆၈ ခုမှ လူအများ သောက်သုံးမိခဲ့ဖွယ် ရှိကြောင်းလည်း သိရသည်။ ယင်းကိစ္စကို လူသတ်မှုအဖြစ် ရဲက အတည်ပြုခဲ့ပြီးနောက် အသက် ၂၇ နှစ်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦးကို ဖမ်းဆီးထားလိုက်သည်။ အသတ်ခံရသူနှင့် ယခုဖမ်းဆီးထားသူတို့သည့် လွန်လွန်ကျူးကျူး ဆက်ဆံရေးမျိုး ရှိနေသည်ဟု ယုံကြည်ရသည်။

အဖမ်းခံရသူတွင် ဒဏ်ရာဒဏ်ချက်များနှင့် ခြေထောက်တွင် လှီးဖြတ်ရာများကို တွေ့မြင်ရကြောင်း ရဲများကဆိုသည်။ မိန်းကလေး သေဆုံးရသည့် အကြောင်းရင်း တိတိကျကျကိုမူ ကြေညာခြင်း မရှိသေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here