အိမ်ထောင်ရေးဖောက်ပြန်ခဲ့ကြောင်း မင်းသားကြီးအာနိုး ဖွင့်ဟဝန်ခံ

alt

မိမိအနေနှင့် အိမ်ထောင်ရေး ဖောက်ပြန်မှု ရှိခဲ့ကြောင်း အာနိုးရှာဝါဇင်ဂျာက ဖွင့်ဟခဲ့သည်။

နာမည်ကျော် ဟောလီးဝုဒ် မင်းသားကြီးက လွန်ခဲ့သော ၁၀ နှစ်ခန့်တွင် နေအိမ်ရှိ အမှုထမ်း အမျိုးသမီး တစ်ဦးနှင့် ကလေးတစ်ဦး ရခဲ့ကြောင်း ပြောကြားသွားသည်။ ဇနီးဖြစ်သူ မာရီယာရှာရီဗာက ၎င်းအား လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းသည် ထိုကိစ္စကို ဖွင့်ဟဝန်ခံလိုက်ခြင်းကြောင့်ဖြစ်ကြောင်း ကိုယ်ဟန်ပြမောင်ဟောင်း တစ်ဦးဖြစ်သည့် အသက် ၆၃ နှစ်အရွယ် အာနိုးကဆိုသည်။

အာနိုးသည် ဇနီးသည် မာရီယာနှင့် ကလေး ၄ ဦးရှိသည်။ ၎င်းသည် ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ရာထူးမှ အနားယူခဲ့သည့် ဇန်နဝါရီလတွင် ယင်းကိစ္စကို မာရီယာထံ ဝန်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မာရီယာသည် ယခုလ အစောပိုင်းက အာနိုးနှင့် လမ်းခွဲမှုကို တရားဝင် ကြေညာခဲ့သည်။

အာနိုးက မိမိအနေနှင့် မာရီယာ၏ အမျက်ဒေါသနှင့်သာ ထိုက်တန်ပြီး ထိုအတွက် မာရီယာကိုရော၊ မိသားစုကိုပါ ဝန်ချတောင်းပန်လိုကြောင်း ပြောကြားသွားသည်။ မိမိတို့ နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အလွန်ချစ်မြတ်နိုးခဲ့သော်လည်း အမှားတစ်ခုကြောင့် ဆက်ဆံရေးတစ်ခုလုံး ပျက်စီးသွားခြင်းအတွက် စိတ်မကောင်းကြောင်း အာနိုးကဆိုသည်။

အာနိုးနှင့် ဖောက်ပြန်ခဲ့သော အမျိုးသမီးမှာ အိမ်တွင် နှစ် ၂၀ ကျော်မျှ လုပ်ကိုင်ခဲ့ပြီး ယခုနှစ် အစောပိုင်းက အလုပ်တာဝန်မှ အနားယူသွားခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here