အိုစမာဘင်လာဒင် ​နောက်ဆုံး​ပြောဆိုခဲ့​သည့်​ အသံသွင်း​မှတ်တမ်း​ ထွက်​ပေါ်လာ

alt

အယ်ကိုင်ဒါ အကြမ်း​ဖက်အဖွဲ့​က ​သေဆုံး​သွား​ပြီဖြစ်သည့်​ အကြမ်း​ဖက် ​ခေါင်း​ဆောင်ကြီး​ အိုစမာ ဘင်လာဒင် ​နောက်ဆုံး​ပြောဆိုခဲ့​သည့်​ အသံသွင်း​ မှတ်တမ်း​ကို ထုတ်လွှင့်​လိုက်သည်။

ယီမင်ဖွား​ အယ်ကိုင်ဒါ ​ခေါင်း​ဆောင်က တူနီး​ရှား​နှင့်​ အီဂျစ်တို့​တွင် ဖြစ်​ပေါ်ခဲ့​သည့်​ အစိုး​ရ ဆန့်​ကျင်​ရေး​ ဆန္ဒပြမှုများ​ကို ချီး​ကျူး​ပြောဆိုထား​ပြီး​ မွတ်ဆလင် သမိုင်း​တွင် ခမ်း​နား​ကြီး​ ကျယ်​သော မြင့်​မား​လာမှုအဖြစ် ​ပြောဆိုထား​သည်။

၁၂ မိနစ်ကြာ အသံသွင်း​ မှတ်တမ်း​ကို မွတ်ဆလင် ဝက်ဆိုက်များ​တွင် လွှင့်​တင်ထား​ခဲ့​သည်။ အယ်ကိုင်ဒါတို့​သည် ယခုလ အ​ စောပိုင်း​က ပါကစ္စတန်တွင် အ​မေရိကန်စစ်တပ်၏ စီး​နင်း​တိုက်ခိုက်မှုအတွင်း​ ဘင်လာဒင် မ​သေဆုံး​မီက အဆိုပါ အသံသွင်း​ မိန့်​ခွန်း​ကို ရယူထား​ခြင်း​ဟု ​ဖော်ပြထား​သည်။

ဘင်လာဒင်က တူနီး​ရှား​နှင့်​ အီဂျစ်တို့​တွင် ဖြစ်​ပေါ်ခဲ့​သော အစိုး​ရ ဆန့်​ကျင်​ရေး​ ဆန္ဒပြမှုများ​သည် ယီမင်၊​ လစ်ဗျား​နှင့်​ ဆီး​ရီး​ယား​တို့​တွင် ဖြစ်​ပေါ်​နေ​သော အ​ခြေအ​နေများ​နှင့်​ ကွဲပြား​ကြောင်း​လည်း​ မှတ်ချက်ပြုထား​သည်။

ဘင်လာဒင်သည် ၎င်းမ​သေဆုံး​မီကလည်း​ ယင်း​ကဲ့​သို့​ အသံသွင်း​တိပ်​ခွေများ​၊​ ဗီဒီယို​ခွေများ​ဖြင့်​ မိန့်​ခွန်း​ပြောမှု၊​ ဝါဒဖြန့်​မှုများ​ ပြုလုပ်ခဲ့​ဖူး​ကြောင်း​ သတင်း​များ​က ​ ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here