Vanity Fair အတွက် အပေါ်ပိုင်းဗလာကျင်းကာ ဓာတ်ပုံအရိုက်ခံသည့် ရိုစီဟက်တင်ဂမ်

alt

Vanity Fairမဂ္ဂဇင်းတွင် ဓာတ်ပုံအရိုက်ခံရန်အတွက် ရိုစီဟက်တင်ဂမ် ဝှစ်တလီသည် သူမ၏ အဝတ်အစားများကို ရဲရဲရင့်ရင့် ချွတ်ပစ်လိုက်သည်။

မကြာသေးမီကမှ Maxim မဂ္ဂဇင်း၏ ကမ္ဘာပေါ်တွင် ညှို့အားအပြင်းဆုံး အမျိုးသမီးအဖြစ် ဖော်ပြခံရသော အသက် ၂၄ နှစ်အရွယ် Victoria’s Secret မော်ဒယ်သည် လူကြိုက်များသော မဂ္ဂဇင်းကြီးအတွက် အပေါ်ပိုင်း ဗလာကျင်းလျက် ဓာတ်ပုံအရိုက်ခံရန် သဘောတူညီခဲ့သည်။

Transformers: Dark of the Moon ဇာတ်ကားတွင် ပါ၀င်သရုပ်ဆောင်ထားသော ကိုယ်ကာယ ကျော့ရှင်းလှပသည့် ရိုစီသည် ယခင်ကလည်း Victoria’s Secret ကြော်ငြာများအတွက် ဆွဲအားပြည့်ဝသော ဓာတ်ပုံများ အရိုက်ခံဖူးသည့်တိုင် Vanity Fairမျက်နှာဖုံးအတွက် ဓာတ်ပုံအရိုက်ခံသည်မှာ ယခုတစ်ကြိမ် ပထမဆုံးဖြစ်သည်။

သူမက မော်ဒယ်အလုပ်နှင့် ရုပ်ရှင်သရုပ်ဆောင် အလုပ်တို့ကို ဟန်ချက်ညီအောင် ထိန်းသိမ်းနေရန် ခက်ခဲကြောင်း ဖွင့်ဟခဲ့သည်။ ထို့အပြင် Transformers ဇာတ်ကားများတွင် ယခင်မင်းသမီး မီဂန်ဖော့စ်နေရာ အစားထိုးရန် ဒါရိုက်တာ မိုက်ကယ်ဘေး၏ ဆက်သွယ်ကမ်းလှမ်းမှု ခံရချိန်တွင် မယုံနိုင်အောင် ဖြစ်မိခဲ့ကြောင်းလည်း ရိုစီကဆိုသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိအနေအထားအတွက် သူမအနေနှင့် လက်ခံကျေနပ်မိကြောင်း ရိုစီက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here