လူထူထပ်သည့်နေရာတွင် အရက်မူးကာ လိင်ဆက်ဆံသည့် တရုတ်စုံတွဲဗီဒီယို အင်တာနက်တွင်ပျံ့နှံ့

alt

တရုတ်နိုင်ငံတွင် လူသွားလူလာ ထူထပ်များပြားသော လမ်းတစ်ခုတွင် လိင်ဆက်ဆံနေသည့် အရက်မူးနေသော စုံတွဲအား ရိုက်ကူးထားသည့် ဗီဒီယိုမှာ Onlineမှတဆင့် ပျံ့နှံ့ပြီး လူပြောများနေသည်။

၃၈ စက္ကန့် ကြာမြင့်သော ဗီဒီယိုတွင် ရှန်ဟိုင်းရှိ တီယန်လင်လမ်းပေါ် ထင်တိုင်းကြဲနေသည့် စုံတွဲအား သိသာထင်ရှားစွာ တွေ့မြင်နိုင်သည်။ အမျိုးသမီး၏ အင်္ကျီမှာ ဆွဲတင်ထားသောကြောင့် သူမ၏ ရင်သားများကို အထင်းသား မြင်နေရသည်။

အမျိုးသားသည် အမျိုးသမီး၏ နှုတ်ခမ်းနှင့် ရင်သားများကို နမ်းရှုပ်လျက်ရှိသည်။ လုံခြံုရေး ယူနီဖောင်းဝတ် တစ်ဦးအပါအဝင် ဖြတ်သွားဖြတ်လာ လူတိုင်းသည် မြင်ကွင်းကြောင့် အံ့ဩမင်သက်နေသည်ကို ဗီဒီယိုတွင် တွေ့မြင်နိုင်သော်လည်း မည်သူကမျှ တားမြစ်ခဲ့ခြင်း မရှိပေ။ အချို့ကလည်း မြင်ကွင်းကို ဗီဒီယို ရိုက်ယူလျက်ရှိသည်။

မျက်မြင်တွေ့ခဲ့သူ တစ်ဦးဖြစ်သော ဆန်အမည်ရှိ အမျိုးသမီးက ထိုစုံတွဲသည် ဧပြီလ ၃၀ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲခန့်တွင် ယခုလို ပလူးပလဲ လုပ်နေခြင်းဖြစ်ပြီး နှစ်ဦးလုံး အရက်မူးကာ လမ်းပေါ်တွင် လဲနေကြောင်း ပြောကြားခဲ့သည်။ အမျိုးသားသည် အဖော်ဖြစ်သူအား ဆွဲထူရန် ကြိုးပမ်းသော်လည်း မအောင်မြင်ဘဲ အမျိုးသမီး၏ အင်္ကျီကို ဆွဲလှန်လိုက်မိပြီးနောက် ဇာတ်လမ်းစခဲ့ခြင်းဟု ဆန်ကဆိုသည်။ သူမသည် ရဲအား ဖုန်းဆက်တိုင်ကြားခဲ့ပြီးနောက် စုံတွဲကို ရဲစခန်းသို့ ခေါ်ဆောင်သွားသည်။

နှစ်ဦးလုံးအား ရဲများက ဆုံးမစကား ပြောကြားပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။ ထိုကိစ္စအတွက် အမူးပြေသည့်အခါ ထိုစုံတွဲက ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here