လူတစ်ဦး၏သက်တမ်းကို သွေးစစ်ခြင်းဖြင့် ခန့်မှန်းနိုင်ဖွယ်ရှိ

alt

လူတစ်ဦး၏ သက်တမ်းကို သွေးစစ်မှုဖြင့် ခန့်မှန်းနိုင်လာဖွယ် ရှိနေကြောင်း သိရသည်။

အကယ်၍ လူတစ်ဦးသာ မတော်တဆမှုကဲ့သို့ ကိစ္စများဖြင့် အချိန်မတိုင်မီ သေဆုံးခြင်း မရှိပါက ၎င်း၏ ခန္ဓာကိုယ် ဇီဝဖြစ်စဥ်ကို သွေးစစ်ကာ လေ့လာပြီး ကျန်ရှိသော သက်တမ်းကို အလွန်နီးစပ်စွာ ခန့်မှန်းနိုင်သည့် နည်းလမ်းအား ဗြိတိန်တွင် ယခုလကုန်ပိုင်းအတွင်း စတင်စမ်းသပ် သုံးစွဲလာဖွယ် ရှိနေသည်။ ဒေါ်လာ ရ၀၀ ဝန်းကျင်မျှ ကုန်ကျမည့် သွေးစစ်စမ်းသပ်မှုတွင် လူတစ်ဦး၏ သွေးအတွင်းရှိ Chromosomeများ၏ သက်တမ်းကို အခြေတည် လေ့လာကာ လူသား၏ သက်တမ်းကိုပါ တွက်ချက်ဟောကိန်းထုတ်နိုင်မည်ဖြစ်သည်။

Chromosomeများ သက်တမ်းတိုတောင်းခြင်းသည် လူသားတစ်ဦးအတွက် ရောဂါ၀င်ရောက်ရန် ပိုမိုလွယ်ကူပြီး အသက်တိုစေနိုင်မည်ဟု သိရသည်။ ယခုသွေးစစ်မှုတွင် သွေးအတွင်းရှိ Chromosomeများ၏ သက်တမ်းအပြင် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ အယ်ဇိုင်းမားနှင့် ကင်ဆာရောဂါဆိုင်ရာ အချက်အလက်များကိုပါ လေ့လာဆန်းစစ်ပေးသွားမည်ဖြစ်သည်။

ဟားဗက်ဆေးကျောင်းမှ နိုဘယ်ဆုရှင် ဒေါက်တာ ကာရိုဂရီဒါက ယခုကဲ့သို့ လူတစ်ဦး၏ ဖြစ်နိုင်ခြေရှိသော သက်တမ်းကို ခန့်မှန်းတွက်ချက်နိုင်ခြင်းသည် ကြိုဆိုရမည့် ကိစ္စမျိုးဖြစ်ကြောင်း၊ လူတစ်ဦးသည် မိမိ၏ နေထိုင်စားသောက်မှု ပုံစံကို ဆင်ခြင်ခြင်းဖြင့် အသက်ရှည်ရှည် နေနိုင်ရန် လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ရှင်းပြသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here