လစ်ဗျားခေါင်းဆောင် မူအပ်မာဂဒါဖီအား နိုင်ငံတကာရာဇဝတ်ရုံးက ဖမ်းဝရမ်းထုတ်ရန်စီစဥ်

alt

နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)သည် ပြည်သူများအား လူ့အခွင့်အရေးဆိုင်ရာ ရာဇဝတ်မှုများ ကျူးလွန်နေသည့်အတွက် လစ်ဗျားခေါင်းဆောင် မူအမ်မာ ဂဒါဖီအား ဝရမ်းထုတ်နိုင်ရန် စီစဥ်နေကြောင်း သိရသည်။

ခွေးရူးဟု အမည်တပ် ညွှန်းဆိုခံရသော ဗိုလ်မှူးကြီးသည် လစ်ဗျားတွင် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ အရှိန်အဟုန် ပြင်းထန်လာချိန်အတွင်း လူ့အခွင့်အရေးဆိုင်ရာ ရာဇဝတ်မှုများ ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံနေရသည်။ ICC၏ ရှေ့နေတစ်ဦးဖြစ်သော လူးဝစ်မွန်ရိုး အိုကမ်ပိုက တရားသူကြီးများအား ဂဒါဖီနှင့် သားများအား ဖမ်းဆီးရန် ပန်ကြားခဲ့သည်။

ICCသည် ယခုသီတင်းပတ် အစောပိုင်းကတည်းက ၎င်းတို့သည် ဂဒါဖီအား ဖမ်းဝရမ်းထုတ်နိုင်ရေး ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ လစ်ဗျားတွင် ဂဒါဖီအား ဆန့်ကျင်လှုပ်ရှားမှုများ ပြင်းထန်လာချိန်တွင် ဂဒါဖီ၏ သားဖြစ်သူ ဆက်အယ်အစ်ဇလမ်နှင့် အဖွဲ့သည် ဆန္ဒပြသူများအား ဖိနှိပ်သတ်ဖြတ် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ရာ ယင်း၏နောက်ကွယ်တွင် ဂဒါဖီ ပါ၀င်နေသည်ဟု ယူဆရကြောင်း ICCကဆိုသည်။

ICCသည် ဂဒါဖီအား ဖမ်းဝရမ်း ထုတ်နိုင်ရေးအတွက် လိုအပ်သော မှတ်တမ်းမှတ်ရာများကို စုဆောင်းနေပြီး လစ်ဗျားအာဏာပိုင်တို့၏ လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို မှတ်သားလေ့လာနေကြောင်း ပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here