Skype ကို ဝယ်ယူရန် အကြံပေးခဲ့ကြောင်း Microsoft ထူထောင်ခဲ့သူ ဘီဂိတ်ပြောကြား

alt

Skypeကို Microsoftက သိမ်းသွင်းဝယ်ယူရန် မိမိအဓိက အကြံပေးခဲ့ကြောင်း Microsoftကို ထူထောင်ခဲ့သည့် ဘီဂိတ်က ပြောကြားလိုက်သည်။

ဘုတ်အဖွဲ့တွင် ပါ၀င်သူများကို Skypeအား ဝယ်ယူသင့်သည်ဟု မိမိကိုယ်တိုင် ထောက်ခံအကြံပြုခဲ့ကြောင်း Microsoft၏ ဥက္ကဌကြီးကဆိုသည်။ Microsoftသည် အင်တာနက် ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှု Skypeကို ဒေါ်လာ ၈.၅ ဘီလျံဖြင့် ဝယ်ယူခဲ့သည်။ ယခုပေါင်းစည်းမှုသည် Microsoftအတွက်ရော၊ Skypeအတွက်ပါ အလွန်ကောင်းမွန်မည်ဟု မိမိယုံကြည်ကြောင်း ဂိတ်က ပြောကြားသွားသည်။

ဂိတ်က BBCနှင့် အင်တာဗျူးတွင် Skypeအား ဝယ်ယူခြင်းသည် ဈေးကွက်ဗျူဟာအနေအထားအရ အလွန်ကောင်းမွန်သော ခြေလှမ်းဟု ပြောဆိုခဲ့သည်။ Skypeသည် Microsoft၏ ၀င်ငွေကို ပိုမိုတိုးပွားလာစေမည်ဟု ဂိတ်ကဆိုသည်။

ထို့အပြင် Microsoftတွင် Skypeက ပါ၀င်ပူးပေါင်းလာခြင်းဖြင့် နည်းပညာ သုတေသန လုပ်ဆောင်ချက်များတွင် ယခုထက် ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ထွန်းလာစေမည်ဟုလည်း ဂိတ်က ဆက်လက်ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here