အိန္ဒိယအမျိုး​သမီး​ကြီး​​နှစ်ဦး​အား​ ဂုဏ်သိက္ခာ​အတွက် လူသတ်မှုဖြင့်​ ဖမ်း​ဆီး​

alt

အိန္ဒိယ​မြောက်ပိုင်း​တွင် ​နေထိုင်​သော အမျိုး​သမီး​ကြီး​ နှစ်ဦး​အား​ သမီး​များ​ကို ဂုဏ်သိက္ခာအတွက် စ​တေး​ခဲ့​မှုဖြင့်​ ဖမ်း​ဆီး​လိုက်​ကြောင်း​ သိရသည်။

ဟိန္ဒူအမျိုး​သား​များ​နှင့်​ ခိုး​ရာလိုက်​ပြေး​သည့်​ သမီး​များ​အား​ မိသား​စု၏ ဂုဏ်သိက္ခာကို ဖျက်ဆီး​သည်ဟူ​သော စွပ်စွဲချက်ဖြင့်​ မိခင်များ​က အဆုံး​စီရင်ခဲ့​ခြင်း​ဖြစ်သည်။ မကြာ​သေး​မီကမှ လက်ထပ်ခဲ့​သည့်​ အသက် ၁၉ နှစ်အရွယ် ဇာဟီဒါနှင့်​ ၂၆ နှစ်ရှိ ဟွတ်စနာတို့​သည် မိမိတို့​ခင်ပွန်း​ကို မိမိတို့​ သ​ဘောအတိုင်း​ ​ရွေး​ချယ်ခဲ့​မိသည့်​အတွက် လည်ပင်း​ညှစ် အသတ်ခံခဲ့​ရ​ကြောင်း​ ရဲတပ်ဖွဲ့​ ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိ အာ​နေကူမာကူဆန်က ​ပြောကြား​ခဲ့​သည်။

မွတ်ဆလင်နှင့်​ ဟိန္ဒူဘာသာဝင်များ​ကြား​ ထိမ်း​မြား​လက်ထပ်ခြင်း​သည် အိန္ဒိယတွင် ဖြစ်ခဲ​သော အ​နေအထား​မျိုး​အဖြစ် သတ်မှတ်ထား​ပြီး​ နှစ်ဖက်အသိုင်း​အဝိုင်း​က တင်း​တင်း​ကြပ်ကြပ် ပိတ်ပင်ထား​သည်။ သို့​သော်လည်း​ ယခု​နောက်ပိုင်း​တွင်မူ ပညာတတ် မြို့​နေလူတန်း​စား​များ​အတွင်း​ ဘာသာမတူသူချင်း​ လက်ထပ်ထိမ်း​မြား​မှု ပိုမိုများ​ပြား​လာသလို အပြန်အလှန် နား​လည်လက်ခံမှုလည်း​ တိုး​တက်လာသည်။ မည်သို့​ပင်ဖြစ်​စေ ​ခေတ်​ဟောင်း​အယူများ​ကို ဆုပ်ကိုင်ထား​ဆဲဖြစ်သည့်​ ​ခေါင်သီ​သော အရပ်များ​တွင် ဘာသာခြား​ကို လက်ထပ်သည့်​ မိန်း​က​လေး​များ​အား​ မိသား​စုက ဂုဏ်သိက္ခာအရ စ​တေး​ခြင်း​ဟူ​သော အ​ကြောင်း​ပြချက်ဖြင့်​ သတ်ဖြတ်မှုများ​ ရှိ​နေဆဲဖြစ်သည်။

ယခု​သေဆုံး​သော မိန်း​က​လေး​များ​မှာ ဘာဂါပတ်တွင် ​နေထိုင်သည့်​ အိမ်နီး​ချင်း​များ​ ဖြစ်ကြသည်။ အူတာပရာဒက် နယ်နိမိတ်တွင် ပါဝင်​သော အဆိုပါမြို့​ငယ်​လေး​တွင် ​နေထိုင်သည့်​ မိန်း​က​လေး​နှစ်ဦး​သည် ဟိန္ဒူဘာသာဝင် ​ဆောက်လုပ်​ရေး​ လုပ်သား​နှစ်ဦး​နှင့်​ ချစ်ကြိုး​သွယ်မိပြီး​နောက် ပြီး​ခဲ့​သည့်​ သီတင်း​ပတ်က ခိုး​ရာလိုက်​ပြေး​ခဲ့​ကြသည်။ ​နောက်ပိုင်း​တွင် နှစ်ဖက်​ကြေ​အေး​စေ​ရေး​အတွက် မိန်း​က​လေး​များ​၏ မိဘများ​ထံ လာ​ရောက်အပ်နှံရာမှ ​ကြေကွဲဖွယ် ဖြစ်ရပ်များ​ ​ပေါ်​ပေါက်လာခဲ့​သည်။

မွတ်ဆလင် ဘာသာ​ရေး​က ပိုင်ဆိုင်​သော မိန်း​က​လေး​များ​က ထိုသို့​ပြုမူသည့်​အတွက် နှစ်ဦး​စလုံး​ မုဆိုး​မများ​ဖြစ်သည့်​ မိခင်နှစ်ဦး​က အကြီး​အကျယ် ​ဒေါသထွက်ကာ သမီး​များ​ကို သတ်ပစ်ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ကူမာကူဆန်ကဆိုသည်။

​နောက်ပိုင်းတွင် ထိုကိစ္စအတွက် ယင်းအမျိုးသမီး နှစ်ဦးကို ရဲက ဖမ်းဆီးခဲ့သည် အိန္ဒိယတွင် ဂုဏ်သိက္ခာအတွက် စတေးခြင်းကို အခြားသော လူသတ်မှုများကဲ့သို့ပင် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်သာ ချမှတ်လေ့ရှိသော်လည်း ယခုအခါ စံပြုသဘောဖြင့် သေဒဏ်ချမှတ်ရန် အိန္ဒိယ တရားရုံးချုပ်က ထောက်ခံချက်ပေးထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here