အင်ဒိုနီး​ရှား​တောမီး​ကြောင့်​ မ​လေး​ရှား​နိုင်ငံ ​နေရာအချို့​ မီး​ခိုး​မှိုင်း​များ​ဖုံး​လွှမ်း​

alt

အင်ဒိုနီး ​ရှား​နိုင်ငံတွင် ​လောင်ကျွမ်း​သောမီး​ကြောင့်​ မ​လေး​ရှား​နိုင်ငံ၏ အစိတ်အပိုင်း​ အချို့​တွင် မီး​ခိုး​မှိုင်း​များ​ ဖုံး​လွှမ်း​ပြီး​ ​လေထုညစ်ညမ်း​မှုများ​ ဖြစ်​ပေါ်​နေ​ကြောင်း​ သိရသည်။

ကွာလာလမ်ပူ မြို့​တော်၏ ​ကောင်း​ကင်ယံသည် ညစ်​ထေး​လျက်ရှိပြီး​ ​ပေါ့​ကလန်တွင် ​လေထုညစ်ညမ်း​မှု စံနှုန်း​သည် ၁၀၄ ထိ ​ရောက်ရှိခဲ့​သည်။ ၁၀၁ မှ ၂၀၀ ထိအကြား​ ညွှန်ကိန်း​သည် ကျန်း​မာ​ရေး​ကို ထိခိုက်​စေနိုင်​ကြောင်း​ သတ်မှတ်ထား​သည်။ အခြား​သော ​ဒေသ ၂၉ ခုတွင် အ​ခြေအ​နေမှာ အတန်အသင့်​ရှိပြီး​ အခြား​တိုင်း​တာထား​သော ​ဒေသ ၂၁ ခုတို့​တွင် ​ လေထုညစ်ညမ်း​မှု ​ကောင်း​မွန်​ကြောင်း​ သိရသည်။

အင်ဒိုနီး ​ရှား​နိုင်ငံ၊​ ဆူမား​တြား​တွင် မီး​များ​ ပျံ့​နှံ့​လောင်ကျွမ်း​မှု​ကြောင့်​ မ​လေး​ရှား​၏ ​လေထုသန့်​စင်မှုကိုပါ ထိခိုက်လာခြင်း​ဖြစ်သည်။ မိုး​ခေါင်ခြင်း​ကလည်း​ ပိုမိုဆိုး​ရွား​သော ရာသီဥတု အ​ခြေအ​နေဆီ တွန်း​ပို့​နေ​ကြောင်း​ သဘာဝရင်း​မြစ်နှင့်​ ပတ်ဝန်း​ကျင်ဆိုင်ရာ ဝန်ကြီး​ဌာနမှ တာဝန်ရှိသူ တစ်ဦး​ကဆိုသည်။ ​

လေထုညစ်ညမ်း ​မှု​ကြောင့်​ ​ဒေသခံများ​ကို မျက်နှာဖုံး​စွပ် သွား​လာရန် သတိ​ပေး​ထား​ပြီး​ ​ကျောင်း​အချို့​ကို ပိတ်ထား​လိုက်သည်။ စင်္ကာပူတွင် ​လေထုညစ်ညမ်း​မှု စံနှုန်း​သည် ​မေလ ၁၂ ရက်​နေ့​ထိ ၄၁ တွင် ရှိ​နေရာ အ​ခြေအ​နေ ​ကောင်း​မွန်ဆဲဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here