ကော်ဖီသောက်ခြင်းက အမျိုးသားများအတွက် ကျန်းမာရေး​အထောက်အပံ့ဖြစ်လာနိုင်

alt

ကော်ဖီသောက်ခြင်းသည် အမျိုးသားများအတွက် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုတစ်ခု ဖြစ်လာနိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

ကော်ဖီသည် ဆီးကြိတ်ကင်ဆာဖြင့် အသက်အန္တရာယ် ဆုံးရှုံးနိုင်သော အခြေအနေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း အမေရိကန် အမျိုးသား ငါးသောင်းကျော်ကို လေ့လာပြီးနောက် သုတေသီများကဆိုသည်။ တစ်နေ့လျင် ကော်ဖီ ခြောက်ခွက်နှင့်အထက် သောက်သော အမျိုးသားများသည် ဆီးကြိတ်ကင်ဆာ မျိုးကွဲအားလုံးတို့ ဖြစ်ပွားနိုင်ခြေ သာမန်ထက် ၂၀ ရာခိုင်နှုန်းမျှ လျော့နည်းနေတတ်ကြောင်း သိရသည်။

ထို့အပြင် ဆီးကြိတ်ကင်ဆာ ဖြစ်ပြီးပါကလည်း ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့မှုကို ၆၀ ရာခိုင်နှုန်းမျှ လျော့နည်းစေသည်ဟု လေ့လာမှု စစ်တမ်းများက ဖော်ပြခဲ့သည်။ လက်တွေ့အရ ယခုရလဒ်ကို အမေရိကန် အမျိုးသား ကင်ဆာ ပညာရေးဌာနက အတည်ပြုခဲ့သော်လည်း အကြောင်းရင်းကို တိတိကျကျ မဖော်ထုတ်နိုင်သေးဟုဆိုသည်။

ပညာရှင်များက ဆီးကြိတ်ကင်ဆာကို ကြိုတင်ကာကွယ်နိုင်မည်ဆိုသော မျှော်လင့်ချက်ဖြင့် ကော်ဖီ အမြောက်အမြား ပုံမှန်သောက်ခြင်းကို မထောက်ခံကြောင်းလည်း ပြောကြားသွားသည်။

ဆီးကြိတ်ကင်ဆာ ပြင်းအားကို လျော့နည်းခြင်းသည် ကဖိန်းဓာတ်နှင့်လည်း မသက်ဆိုင်ဘဲ ကဖိန်းပါသော ကော်ဖီနှင့် ကဖိန်းထုတ်ထားသော ကော်ဖီ နှစ်မျိုးလုံးတွင် တူညီသော အာနိသင် ရှိနေသည်ဟု ဆီးကြိတ်ကင်ဆာ ရန်ပုံငွေအဖွဲ့မှ ဒေါက်တာဟာလန်ရစ်ပွန်က ရှင်းပြခဲ့သည်။

သူမက အဆိုပါ သက်ရောက်မှုသည် ကော်ဖီတွင် ပါ၀င်နေသည့် အမည်မဖော်ပြနိုင်သေးသော ဓာတ်ပေါင်းတစ်ခုခုနှင့် ဆက်နွယ်နေခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here