အရက်သမား​များ​အတွက် အဆင်​ပြေ​စေမည့်​ ကွန်ဒုံး​တစ်မျိုး​ တီထွင်

alt

အ​မေရိကန်မှ လက်သမား​ဟောင်း​ တစ်ဦး​သည် အရက်သမား​များ​အတွက် အဆင်​ပြေ​စေမည့်​ ကွန်ဒုံး​တစ်မျိုး​ကို တီထွင်လိုက်ပြီး​ ​အောင်မြင်မှုများ​ ရ​နေ​ကြောင်း​ သိရသည်။

မီယာမီတွင် ​နေထိုင်​သော ဗျူသွမ်ဆင်က ဝတ်ဆင်ရာတွင် အဆင်​ပြေ ခိုင်ခံ့​စေမည့်​ သိုင်း​ချည်​ထောက်ပံ့​ပေး​သော ကွန်ဒုံး​တစ်မျိုး​ကို ဒီဇိုင်း​ထုတ် ​ရောင်း​ချလျက်ရှိသည်။ ၎င်းက ယင်း​ကွန်ဒုံး​အား​ ကိုယ်​တွေ့​ အခက်အခဲနှင့်​ယှဉ်ပြီး​ တီထွင်ခဲ့​ခြင်း​ဟု ရှင်း​ပြခဲ့​သည်။

Metroနှင့်​ အင်တာဗျူး​တွင် သွမ်ဆင်က အရက်မူး​နေသူ တစ်ဦး​အ​နေနှင့်​ လိင်ဆက်ဆံမည်ဆိုလျင် ကွန်ဒုံး​စွပ်ရန် အလွန်ခက်ခဲ​ကြောင်း​ ​ပြောဆိုခဲ့​သည်။ ​မှောင်နှင့်​မည်း​မည်း​ ဖြစ်​နေချိန်တွင် ပိုဆိုး​ကြောင်း​၊​ မိမိလည်း​ ယင်း​သို့​ကြံုဖူး​ပြီး​ ကွန်ဒုံး​စွပ်ရန် ပြူတင်း​ပေါက်ကိုဖွင့်​ကာ လမ်း​မီး​ရောင်၏ အကူအညီကို ယူခဲ့​ရ​ကြောင်း​၊​ သို့​သော်လည်း​ မည်သည့်​အရာကိုမျှ ရှင်း​ရှင်း​လင်း​လင်း​ မမြင်ခဲ့​ရ​ကြောင်း​ အမှတ်တရ ​ပြောဆိုခဲ့​သည်။

ထိုဖြစ်ရပ်ကို နမူနာယူပြီး​ ကွန်ဒုံး​ဒီဇိုင်း​သစ် တစ်ခုကို တီထွင်ခဲ့​ကြောင်း​၊​ အရက်မူး​ခြင်း​နှင့်​ ​မှောင်မိုက်ခြင်း​ကြား​တွင် ဒုက္ခများ​နေသူများ​ကို ယခုကွန်ဒုံး​က အ​ကောင်း​ဆုံး​ ကူညီနိုင်မည်ဖြစ်​ကြောင်း​ သွမ်ဆင်က ​ကြွေး​ကြော်သွား​သည်။ ၎င်းသည် အဆိုပါ ကွန်ဒုံး​မျိုး​ အခု ၂ သန်း​ကျော်ကို အ​မေရိကန် တဝှမ်း​သို့​ တင်ပို့​ရောင်း​ချခဲ့​ပြီး​ဖြစ်​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here